Unicode
ဧပရယ်ဖူး...
''ဧပရယ် ငါတို့ဒီနှစ်သင်္ကြန်ကိုမဏ္ဍပ်ထိုင်ကြရအောင်''
''ဟုတ်တယ် နင်သင်္ကြန်လည်တာလည်းငါတစ်ခါမှမမြင်ဖူးဘူး''
သူငယ်ချင်းမတွေရဲ့စကားအားဧပရယ်မျက်နှာငယ်လေးနဲ့နားထောင်နေရင်းမှ
''ငါဒီနှစ်လည်းဥပုသ်စောင့်ရမှာပဲဟ''
''ဟင်းးး လုပ်ပြန်ပြီ နင်သင်္ကြန်ရဲ့အရသာကိုသိရဲ့လား''
''အေးလေဟယ် နင့်ဘဝကြီးကငြီးငွေ့စရာကြီး''
သူတို့ပြောလည်းပြောချင်စရာပါပဲ။သူမအပျိုဖော်ဝင်ပါပြီဆိုကတည်းကသင်္ကြန်ရောက်တိုင်းဥပုသ်စောင့်နေရတာမလား။
သူမအစ်ကိုတွေကသူမသင်္ကြန်တွင်းလျှောက်လည်တာကိုနည်းနည်းလေးမှမကြိုက်ကြပါ။
မိဘတွေမရှိတော့တဲ့သူမကအစ်ကိုနှစ်ယောက်နဲ့အဖွားရဲ့အုပ်ထိန်းမှုအောက်မှာငြိမ်ဝပ်ပိပြားစွာကြီးပြင်းလာရတဲ့ခပ်အေးအေးခပ်နုံနုံ လူတောမတိုးတဲ့မိန်းကလေးပါပဲ။အသက်20ရောက်နေပြီဆိုပေမယ့်အခုထိကိုယ်ပိုင်ဆုံးဖြတ်ချက်မရသေးသူဆိုလည်းမမှားပေ။
သူမကခုထိကလေးတစ်ယောက်လိုသာဖြစ်နေတုန်း။_________________
မင်းညီစေ...
''ကို...ဒီနှစ်သင်္ကြန်ကိုသဲနဲ့အတူလျှောက်လည်မယ်မလားဟင်''
''မလည်ပါဘူး လည်လို့မရတော့ဘူး''
''ဘာလို့လဲကိုရဲ့''
''မင်းကအခုငါ့ကောင်မလေးမဟုတ်တော့လို့လေ ငါမင်းနဲ့တွဲရတာပျင်းလာပြီး အဲတော့ဒီမှာပဲဇာတ်လမ်းဖြတ်ကြတာပေါ့ ဘိုင့်ဘိုင်''
''ဟာ''
တစ်ဖက်ကဘာမှမပြောရသေးခင်မှာပဲ သူစားပွဲပေါ်ကမျက်မှန်ကိုကောက်တပ်ပြီးဆိုင်ထဲမှထွက်လာခဲ့လိုက်၏။
ဒါပဲလေ။သူ့အတွက်ကရည်းစားရဖို့လည်းလွယ်တယ် ဖြတ်ဖို့လည်းလွယ်တယ်။
ဒီလောကကြီးမှာသူ့နှလုံးသားကိုကိုင်လှုပ်နိုင်တဲ့မိန်းကလေးကရှိရောရှိနေပါ့မလား။
YOU ARE READING
ပိတောက်ပြောတဲ့အချစ်ပုံပြင်[completed]
Fanfictionplay boyလေးကရိုးရိုးအေးအေးကောင်မလေးနဲ့မှအတည်ကြီးfall in loveသွားတဲ့သင်္ကြန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်