6

191 35 7
                                    

2022/2/14~~

" ကျွန်တော်ဒီနေ့မလာဖြစ်တော့ဘူး"

ကစားကွင်းရှိ ပျော်ရွှင်စွာ ဆော့ကစားနေကြသော ကလေးငယ်တစ်ချို့အား ငေးကြည့်ရင်း  ဂွန်းနုဆီမှ မက်ဆေ့လက်ခံရလိုက်ရခြင်းဖြစ်သည်။

တစ်နေရာရာမှာ နှစ်ယောက်အတူဆုံတွေ့ရန် ချိန်းလိုက်မိတိုင်း သူပြန်ရလိုက်သည်က
*မလာဖြစ်တော့ဘူး
မလာနိုင်တော့ဘူး
လာလို့မရတော့ဘူး* ထိုသို့ တောင်းပန်တိုးလျှိုးသည့် voice msgတွေသာဖြစ်သည်။
ယခုလဲ...

မတ်ချူး လက်ထဲမှ ချောကလက် ဘူးလှလှလေးအား ဆုတ်ကိုင်ထားသည့် လက်ချောင်းလေးတွေတုန်ယင်လာသည်။
မတ်ချူးက အကြီးဖြစ်နေ၍ သိနေပြီးသား အကြောင်းအရင်းတွေကို နားလည်ပေးနိုင်ရမည်မလား..။

ပြီးတော့ ထိုသို့ပြောတာတောင် ရိုးရိုးMsgပို့သည့်အခါ အလေးအနက်မထားဟု သူအထင်လွဲမည်ကြောက်၍ Voice msgသာ ပို့၍တောင်းပန်တတ်သည့် ကလေးကို သူ နားလည်ပေးရမည်။
ထိုကလေးအတွက် မိသားစု ဆိုသည့်အသိုက်အမြုံဟာ ဘယ်လောက် အရေးပါကြောင်း သူမသိသည်လဲမဟုတ်ပါ။
သူ သိသည် သူ အားလုံးကို သိရှိထားပြီးဖြစ်၍ နားလည်ပေးနေရခြင်း။
တကယ်တော့ မတ်ချူးဟာ သူ၏ ကလေးဆန်တတ်ခြင်းကို ရင့်ကျပ်ချင်ယောင်ဆောင်ကာ ဖုံးကွယ်ထားခဲ့ရ၏။

မိဘများကြောင့် စိတ်ဒဏ်ရာတွေ ထပ်နေပါသောကလေးငယ်ကို သူကပါ စိတ်ရှုပ်စေ၍ မဖြစ်ပါ။
ထို့ကြောင့် တုန်ယင်နေသည့် လက်ချောင်းတို့ဖြင့် စာလုံးတစ်ချို့ အမြန် ရိုက်ပို့ရလိုက်သည်။

"အင်း..ရတယ်"

စာပို့လိုက်ပြီးနောက် ဖုန်းကို အသံပိတ်ထားကာ အိတ်ထဲထည့်ထားလိုက်၏။
မျှော်နေသူ မရောက်လာမှတော့  မတ်ချူး ဆက်ပြီး ထိုနေရာတွင်မနေချင်တော့သည်မို့ ထရပ်လိုက်သည်။

လက်ထဲမှ ချောကလက်ဘူးအား အကြည့်ရောက်တော့ မျက်ရည်ဝဲချင်လာသည်။

သူကိုယ်တိုင် ထိုကောင်လေးအတွက် တစ်ညလုံး ကြိုးစားလုပ်ပေးထားခြင်းဖြစ်သည်..။

ချစ်သူများနေ့လို့ သတ်မှတ်ထားကြသည့် ဒီလိုနေ့တွင် သူကိုယ်တိုင် ကြိုးစားပုံဖော်ထားသည့် အသည်းပုံ ချောကလက်တုံးလေးတွေ ထိုကလေးကို စားစေချင်သည်။
သူ့လက်ရာ ဘယ်လောက်ကောင်းကြောင်း ရွှန်းရွှန်းဝေအောင် ပြောပြစေချင်သည်။
ကိုယ့်စေတနာ ကိုယ့်မေတ္တာတွေကြောင့် ထိုကလေးကို နည်းနည်းဖြစ်ဖြစ် နွေးထွေးစေချင်ပါ၏။

EX-CHANGE(Complete)Where stories live. Discover now