Part I

131 1 0
                                    

Female Prison

“ထွက်လာခဲ့ကြတော့”

လုံခြုံရေးအပြည့်နဲ့ စစ်သင်္ဘောပေါ်က အချုပ်ခန်းတခါးကို
ဂျိုင်းကနဲဖွင့်ပြီး ရဲတပ်သားကအမိန့်ပေးလိုက်သည်။ အချုပ်ခန်းထဲက နွယ်နီနှင့်
အခြားအမျိုးသမီး အကျဉ်းသူများထိုင်နေရာက ထရပ်လိုက်ကြသည်။ သင်္ဘောကုန်းပတ်ပေါ်ရောက် တော့ မြင်လိုက်ရသည့် မြင်ကွင်းတွေကြောင့် သူမတို့
ပြစ်ဒဏ်ကျခံရမည့်နေရာသည် ရေပတ်လည်ဝန်းရံနေသည့်
ကျွန်းကြီးတစ်ခုဖြစ်ကြောင်းသိလိုက်ရသည်

နွယ်နီက အသက် ၂၄ နှစ်အရွယ်သာရှိသေးသည့် မိဘမဲ့တစ်ဦးဖြစ်ပြီး Online မှ ငွေကြေးလိမ်လည်သည့်
အဖွဲ့အစည်းဖြင့် ပတ်သက်မိ‌တာကြောင့် အဖမ်းခံရကာ ထောင်ဒဏ်
တစ်သက်တစ်ကျွန်းချမှတ်ခံရပြီး ဒီကျွန်းသို့ရောက်လာခြင်းဖြစ်သည်။ သူမအပါအဝင် အကျဉ်းသူတွေတစ်ယောက်ပြီးတစ်ယောက် သင်္ဘောပေါ်က
ဆင်း လိုက်ကြပြီးနောက် သူမတို့ကို ဆိပ်ကမ်းဘေးက
မြေကွက်လပ်မှာမတ်တပ် ရပ်ခိုင်း ထားသည်။

ယူနီဖောင်းအပြည့်အစုံဝတ်ထားတဲ့ ထောင်မှူးက သူမတို့ရှေ့မှာ
ဟန်ပါပါ ရပ် ရင်းနဲ့ သူမတို့ကိုကြည့်နေသည်။ လူချတာ စာရင်းနဲ့
တိုက်စစ်တာတွေလုပ်ပြီးဆော့ စစ်သင်္ဘောက တရွေ့ရွေ့ပြန်ထွက်သွားသည်။ နွယ်နီအပါအဝင်
အကျဉ်းသူ 10 ဦး ကတော့ လူသူမနီးတဲ့ ကျွန်းကလေးပေါ်က အကျဉ်းထောင်ပေါ်မှာ
ကျန်ရစ်ခဲ့သည်။

“အားလုံးပဲ ငရဲအကျဉ်းထောင်က ကြိုဆိုပါတယ်”

ထောင်မှူးက ကောက်ကျစ်တဲ့
အပြုံးမျိုးပြုံးရင်းနဲ့ပြောလိုက်တယ်။

“ငါက မင်းတို့ကို စီမံအုပ်ချုပ်မဲ့ ထောင်မှူးပဲ။ ငါ့နာမည်
အောင်ဖေ။ ဒီကျွန်းမှာ ငါက ဥပဒေပဲ”

အောင်ဖေက ဂုဏ်ယူဝင့်ကြွားစွာပြောပြီးတော့
အကျဉ်းသူများရှိရာကို အကဲ ခတ်ကြည့်သည်။ အားလုံး ငြိမ်သက်နေသဖြင့်
တစ်ချက်ပြုံးလိုက်ပြီး သူပြောစရာရှိ တာဆက်ပြောသည်။

“ဒီကျွန်းမှာ အကျဉ်းသူတွေကိုနှစ်ပိုင်းခွဲထားတယ်။
အလုပ်ကြမ်း လုပ်ရမယ့် သူနဲ့ လေ့ကျင့်ရေးစခန်းဝင်ရမယ့်သူပဲ။ အေး....
ဘယ်ကိုပဲရောက်ရောက် ငါ့အမိန့် တွေကိုတော့ တသွေမသိမ်းနာခံရမယ်။ နားလည်လား”

Female prisonDär berättelser lever. Upptäck nu