💚17💚

158 34 5
                                    

-

ပြတင်းပေါက်မှတဆင့် ခြံအတွင်းရှိမြက်ခင်းပြင်အား Haechanငေးကြည့်နေမိသည်။သူMin Hyungကိုလဲ စကားပြောချင်စိတ်ရှိမနေသလို၊ထိုနေ့မှစ၍ Min Hyungသည်လည်း သူ့အားရှောင်ဖယ်နေခဲ့သည်။ဒီလောက်ဆို သူ့နေရာသူသိသင့်ပြီမလား!?

"ဟူး.... ပင်ပန်းလိုက်တာ!"

ဟယ်ချန်း ခုံမှထရပ်လိုက်ပြီး သူခြံထဲဆင်းဖို့ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။သူလှေကားထိပ်အရောက် လှေကားပေါ်သို့တတ်လှမ်းလာသည့်ခြေသံကြားသည်မို့၊သူအလျင်အမြန်အခန်းထဲဝင်ရန်နောက်အလှည့် သူ့နာမည်အားခေါ်ခြင်းခံလိုက်ရသည်။

"Haechan!"

"......."

"မင်း ကိုယ်နဲ့ခဏလောက် ဆေးရုံကိုလိုက်ခဲ့ရလိမ့်မယ်"

Haechan သူ့အနောက်ကMin hyungဘက်သို့လှည့်ကာ မျက်နှာချင်းဆိုင်လိုက်ပေမယ့်၊စူးရှလှသည့် မျက်ဝန်းတို့နှင့်ရင်ဆိုင်ကြည့်ချိန်မှာတော့ သူချက်ချင်းပင်မျက်လွှာတို့ကို ကြမ်းပြင်ထံအကြည့်ပို့လိုက်တော့သည်။

"ဘာ...ဘာလို့လဲဟင်!?"

"ဟိုရောက်ရင် မင်းသိရလိမ့်မယ်"

ကားပေါ်တွင် နှစ်ဖက်လုံးတိတ်ဆိတ်နေကာ၊Haechanမှာတော့ လက်သည်းတို့အားဖဲ့နေမိသည်။ထိုစဥ် ရုတ်တရက်သူ့လက်ပေါ်သို့ လက်တစ်ဖက်အုပ်မိုးလာသည်မို့ သူချက်ချင်းပင်လက်ပိုင်ရှင်အားမော့ကြည့်မိသည်။

"လက်တွေ သွေးထွက်ကုန်တော့မှာပဲ"

"......"

Haechanကြောင်အသွားပေမယ့် ချက်ချင်းပင် သူ့လက်တို့အား Min Hyungလက်ကရုန်းထွက်လိုက်သည်။ထို့နောက်မျက်လွှာတို့အား အောက်ချကာ...

"တောင်းပန်ပါတယ်"

"မလိုဘူး"

ကားပေါ်တွင် တိတ်ဆိတ်မှုတို့က ထပ်မံရောက်ရှိလာပြန်သည်။ဆေးရုံရှေ့တွင် ကားရပ်သည်နှင့် Min Hyungက ကားပေါ်ကအရင်ဆင်းသွားလေသည်။Haechanလဲ ကားပေါ်ကဆင်းလိုက်ကာ Min Hyungအားမေးမည်အပြု မင်ဟျောင်းက စပြောလာသည်။

"အတတ်နိုင်ဆုံး မင်းစိတ်ကိုတည်ငြိမ်အောင်ထား"

"တစ်ခုခုဖြစ်လို့လား"

☘️Beautiful Pain☘️ Where stories live. Discover now