1

8.9K 51 0
                                    

B.A.D – 1

Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ

Yesimyourmommy: Wattpad

Omega_heat: Telegram

Café ဆိုင်ထဲဝင်လာလာချင်း တံခါးနားကဝိုင်းမှာ မြင်လိုက်ရသည့် အမျိုးသမီး၊ ထိုအမျိုးသမီးဟာ ခိုင် စွန့်ပစ်ထားခဲ့ဖူးသည့် အမျိုးသမီးတစ်ယောက်ပဲ။ သိမ်မွေ့ပြီး ဖြူစင်လွန်းတာမျိိုး နာခံတတ်ပြီး နူးညံ့လွန်းတော့ ခိုင် ငြီးငွေ့ပြီး ထားပစ်ခဲ့မိတာပဲ။အချိန်တွေကြာလာလေလေ ခိုင်ကတော့ ထိုအမျိုးသမီးအပေါ်စွဲလမ်းလာခဲ့တယ်။ သတိရလာခဲ့တယ်။ စွန့်ပစ်မိခဲ့တာအတွက်နောင်တတွေ ရလာခဲ့တယ်။အဆက်အသွယ် ပြန်လုပ်ချင်ပေမဲ့ ထိုအမျိုးသမီးဟာ ခိုင့်ဘဝထဲကနေ ဘာသဲလွန်စကိုမှ ချန်မထားခဲ့ ဘဲ ထွက်သွားခဲ့တာ။ဒီလိုထွက်သွားအောင်ပဲ ခိုင်က နိုင်စားခဲ့တာမလား

“မြပုလဲသီ….”

ခိုင် လက်သီးကို ကျစ်နေအောင်ဆုပ်ထားမိသည်။လက်ထဲက ဆိုင်ကယ်သော့ဟာ ခိုင့် လက်ဖဝါးထဲ စိုက်ဝင်လို့နေ၏။ဒါပေမဲ့ ထိုနာကျင်မှု ဟာ ခိုင့် နှလုံးသားထံမှ နာကျင်မှုကို မမီလေဘဲ။

“အို…. ခိုင်…”

မမမြ အနားက Tom boy တစ်ယောက်ကို ခိုင် စိုက်ကြည့်နေရင်းမှ မမမြထံအကြည့်ပြန်ရွေ့လိုက်သည်။

“ကျွန်တော် ထိုင်လို့ရမလား”

ခိုင်ကတော့ မမမြနဲ့ဆိုအမြဲ ကျွန်တော်ဟုသာသုံးနှုန်းလေ့ရှိပြီး အတိတ်မှာတော့ သူ့ကိုယ်သူမောင်ဟု သုံးနှုန်းခဲ့သေးသည်။အဲ့သည်လိုပဲ မြဟာလည်း ခိုင့် ကိုမောင်ဟုခေါ်ဆိုခဲ့ပါသေးသည်။သည်အကြောင်းအရာတွေကို ခေါင်းထဲမထည့်ချင်ပါ ဘာလို့လဲဆိုတော့ မြမှာ ချစ်သူတစ်ယောက် ရှိနှင့်နေပြီးပြီမဟုတ်လား

“ ထိုင်လေ …. အသီ သူက ခိုင်မြဲမိုး တဲ့ ခိုင် သူကတော့ သီသီဝေတဲ့ … အသီလို့ပဲ ခေါ်လို့ရတယ်”

“မြပုလဲသီ ကနေကောင်းကျန်းမာရဲ့လား”

“အင်း ကောင်းပါတယ် ခိုင်ကရော”

“မြင်တဲ့အတိုင်းပဲ လူကကျန်းမာပေမဲ့ စိတ်ကတော့အင်မပြေဘူး…မြပုလဲသီရယ်”

B.A.DWhere stories live. Discover now