"ဟွန်း..?ဟွန်းငယ်မလား"
အီဟီဆွန်းတစ်ယောက်အလွမ်းနာကျပြီး ထင်ယောင်ထင်မှားဖြစ်နေပြီထင်တယ် ။
သိပ်မကြာဖူးထိုသူနားကိုလျှောက်ကာ လက်ကိုဆွဲလိုက်သည် ။
"ဟင် ဟွန်းငယ် ကိုယ်ခေါ်တာဘာလို့မထူးတာလည်း"
"ကျွန်တော်နဲ့သိလို့လားဗျ..?"
"ဟွန်းငယ် ကိုယ့်ကိုမေ့ချင်ယောင်မဆောင်ပါနဲ့ကွာ"
"ကျွန်တော့်နာမည် ပတ်ခ်ဆောင်ဟွန်းပါဗျ ဟွန်းငယ်မဟုတ်ပါဘူး ကျွန်တော်တို့လမ်းခွဲပြီးပြီမလား အခေါ်အဝေါ်ဆင်ခြေပေးရင်ကောင်းမယ် အီဟီဆွန်းရှီ"
ဟီဆွန်းတစ်ယောက်သူ့ဟွန်းငယ်မမြင်အောင်ခိုးပြုံးလိုက်သည် ၊ အဘယ်ကြောင့်ဆိုသော် သူ့ဟွန်းငယ်ကအရင်တိုင်းပဲလေ ၊ ဆတ်ဆတ်ထိမခံ စွာတေးလန်လေးဖြစ်နေတုန်း ၊ ဟီဆွန်းအရင်ကအကြောင်းတေပြန်တွေးရင်းသူ့ဟွန်းငယ်ပြောနေတာတေတောင် မကြားလိုက် ။
"ဟေ့လူ! ကြောင်တောင်တောင်နဲ့ လမ်းလယ်မှာလည်း သူများလက်ကိုဆွဲထားသေးတယ် ပြောနေတာတေလည်းပြန်မဖြေဘူး"
"ဟမ် အင်း ဒီအတောအတွင်းအဆင်ပြေရဲ့လား ဟွန်း.အမ် ဆောင်ဟွန်း"
"ပြေပါတယ် ခင်များမရှိတဲ့နောက်ပိုင်း တော်တော်လေးကိုအဆင်ပြေတာလေ"
ဆောင်ဟွန်းတစ်ယောက်ပြောနေရင်းမျက်ရည်ဝဲလာတယ် ၊ အင်းသူလိမ်ပြောလိုက်တာလေ ၊ ထားတုန်းကထားသွားပြီး လူကိုအဆင်ပြေရဲ့လားလာမေးနေတယ် ဘယ်လိုတောင်စာနာစိတ်မရှိတဲ့လူကြီး ။
ဟီဆွန်း သူ့ဟွန်းငယ်မျက်ရည်ဝဲနေတာမြင်သွားတော့ သူပါမျက်ရည်ဝဲမိသွားတယ် ဒီကလေးလေးကိုသူကိုယ်တိုင်ပဲ ထားသွားခဲ့မိတာလေ ။
"ဆောင်ဟွန်း ကိုယ်တောင်းပန်ပါတယ် အကုန်လုံး ကိုယ့်အမှားတေပါ"
"တောင်းပန်ရုံနဲ့ ကျွန်တော်ခံစားခဲ့ရတာတေက ပျောက်သွားမယ်တဲ့လား"