Episode 3

224 41 41
                                    

ပေါက်စသည် ခါတိုင်းနေ့များလို သူ့ဆီသို့ရောက်မလာတော့ ၊ ထိုအစား ချာဝူဂီတို့ ပတ်ဂျူဟာတို့နှင့်တော့ စကားတွေဖောင်ဖွဲ့နေတတ်သည် ၊ သို့သော် ရောက်လာကတည်းကSteveရဲ့လက်ထောက်ဆိုသည့် ခေါင်းစဥ်နှင့်ဖြစ်ရာ မခေါ်ချင်သော်လည်းမကင်းနိုင်တာကြောင့် တာဝန်အရသူ့ကိုခေါ်ပြောနေရပုံပေါ်သည် ၊ စကားကိုလိုတာထပ်ပိုမပြောသည့်အပြင် Dr.Steve ဆိုတာကြီးနှင့် အစချီတာကြောင့် သူ့အနေနဲ့ အဆင်မပြေနေရခက်စွာ ရင်ထဲတွင်လဲနာ၏ ၊

ယနေ့သည် အများသူငှာရုံးပိတ်ရက်ဖြစ်တာကြောင့် ထိခိုက်ဒဏ်ရာဌာနကတော့ ထုံးစံအတိုင်း ဆရာဝန်များ သူနာပြုများအပြင် လူနာစောင့်များနှင့်ပါခြေချင်းလိမ်နေလျက် ၊ အရေးပေါ်လူနာတွေပုံနေပါသော်လည်း သူသတိရမိသည်မှာ ပေါက်စသာဖြစ်သည်...သေချာမသိသော်လည်း ပေါက်စကဒီအခြေအနေကိုရင်မဆိုင်ရဲစွာ စိတ်လှုပ်ရှားတတ်ပြီး ကိုယ့်ကိုယ်ကိုလဲနာကျင်အောင်လုပ်တတ်သေးသည် ၊ မျက်လုံးတို့အားဌာနအတွင်း ကစားမိလျှင် Steveနှင့် နှစ်ကုတင်ကျော်ရှိ လူနာကုတင်ခြေရင်းအား ဆုပ်ကိုင်လျက်ရပ်နေသော ပေါက်စကိုတွေ့လိုက်ရတော့သည် ၊

ဒီနေ့က ပိတ်ရက်ဖြစ်သည်ကြောင့် ဆေးရုံအခြေအနေကိုကြုံခဲ့ဖူးသည်ဖြစ်ရာ ​ရောက်ရောက်ချင်းပင် ဆေးတို့သောက်ခဲ့ပြီးသား ၊ သို့သော်လည်း လက်တွေ့ကြုံလိုက်ရသည့်အခါတွင်တော့ သူ့ခန္ဓာကိုယ်က မလှုပ်နိုင်တော့ဘဲ တောင့်တင်းသွားတော့သည် ၊ ထိုအချိန် သူ့လက်ဖမိုးပေါ်သို့ကျရောက်လာသော လက်ဖဝါးနွေးနွေး ၊ သတိထားမိလိုက်သော်လည်း လှည့်ကြည့်ဖို့ရာမစွမ်းသာ...ခေါ်သံတစ်ခုနားထဲဝင်လာမှသာ သတိဝင်လာခဲ့သူလိုမျိုးဖြတ်ခနဲလှည့်ကြည့်မိတော့သည်...

" ကို..​ကိုကို "

" နားနေခန်းမှာသွားနေ ပြီးရင် ကိုကိုလိုက်လာခဲ့မှာမလို့ ဘာမှလျှောက်မလုပ်နဲ့ "

" မသွားဘူး "

" ယောန်ဂျွန်းနီး "

" ကျွန်တော်က ဆရာဝန် "

ဆရာဝန်တစ်​ယောက်ဖြစ်ပါလျက် လူနာရှေ့မှာတုန်လှုပ်ခြောက်ခြားပြနေသည်က မာနကိုထိခိုက်စေသည်ဟု Steveနားလည်သော်လည်း ဒီကလေးကိုစိတ်မပင်ပန်းစေချင် ၊ သူ့အတွက်အံဝင်ခွင်ချမဖြစ်သည့်အခြေအနေကိုအတင်းလုပ်ယူကာအသားကျစေဖို့ကို မလိုလားသော်လည်း ရှေ့ကမာနခဲလေးကို သူနိုင်အောင်ဆိုနိုင်မည် မဟုတ်တာကြောင့်...

YeonJunie: Dr.Steve's Prettiest Problem (rest)Where stories live. Discover now