~1~

187 30 12
                                    

"ထယ်ဟွန်းရယ် ဒီကဈေးကြီးတာကို"

"ဟျောင်းကြောင့် အချီကြီးပွဲဖြစ်သွားတာလေ ဒီလောက်တော့ပြုစုရမှာပေါ့"

"ဟျောင်းရယ် ဒီကကပ်စီးကုတ် ဂန်ထယ်ဟျောင်းရှင်းမှာမလို့ဝင်ကြရအောင် ပြီးတော့ ဒီနတ်မိမယ်လေးတွေကရှယ်လှတာလေ"

ရှီအန်းကပျော်နေပင်မဲ့ လူပျိုကြီး ချွဲဆူဘင်းက ဒီလိုအ‌ပျော်ပါးနေရာတွေနဲ့စိမ်းသက်နေတဲ့အပြင် ဆိုင်ထဲဝင်တာနဲ့ လူလားနတ်သမီးလေးတွေလားမှားရတဲ့ ရှိုက်ဖိုကြီးငယ်တို့ကို မပေါ်အောင်ဝတ်စားထားတဲ့ မိန်းကလေးတွေကြောင့် ဘေးဘီကိုမကြည့်ဘဲ ခေါင်းသာငုံ့ထားတော့သည်

ရှီအန်းကတော့ ပျော်နေပြီ ထယ်ဟွန်းကတော့ သူ့လိုပဲ အရှက်ကြီးနေပင်မဲ့ ဘေးကအလှတရားလေးတွေကို တစ်ချက်တစ်ချက်ကြည့်နေသည်။

ဒီလိုလဲ ရှိအုန်းမှ မဟုတ်ရင်ဒီကလေးက ပိုက်ဆံရှာဖို့အကြောင်းပဲတွေးနေတာ မဟုတ်ရင်သူ့လိုလူပျိုကြီးဖြစ်တော့မယ်

အသက် ၂၆နှစ်အရွယ်ကို လူပျိုကြီးလို့ခေါ်တာ လွန်ရာကြပင်မဲ့ ရည်းစားတစ်ခါမှမထားဘူးလို့ ဂေါ်မစွံလူပျိုကြီးလို့ စနှောက်ခံရခြင်းကနေ ရပ်ကွက်ထဲ လူပျိူကြီးချွဲဆူဘင်းလို့ အခေါ်ခံနေရတာဖြစ်သည်။

"တောင်းပန်ပါတယ်ရှင် ကျွန်မဒီလိုမျိုးမလုပ်နိုင်ပါဘူး...ကျွန်မ အလိမ်ခံရတာပါ...ကျွန်မကိုပြန်လွှတ်ပေးပါ..."

သုံးယောက်စလုံး တိတ်သွားတာတော့ လမ်းသွားနေရင်း အခန်းတစ်ခန်းထဲမှာ ထွက်လာတဲ့အသံကြောင့်ဖြစ်သည်။

ဆက်သွားဖို့လုပ်ပင်မဲ့ ဝုန်းဒိုင်းဆိုတဲ့အသံတွေကြားတာကြောင့် ခြေလှမ်းတွေကတွန့်ဆုတ်နေပြန်သည်။

အော်ဟစ်ပြီး အကူညီတောင်းနေတဲ့ မိန်းကလေးတစ်‌ယောက်ရဲ့အသံတွေက ရှိက်နှက်ခြင်းခံနေရပုံမှန်း မမြင်ရတောင် သိနေသည်

"ကျွန်တော်တို့နဲ့မဆိုင်ဘူးထင်တယ်"

လောကကြီးကိုပြောင်းလဲလို့မရတာ သိနေသောသူတွေမလို့ ဖာသိဖာသာသွားဖို့လုပ်ပင်မဲ့ ခြေလှမ်းတွေကဆက်လှမ်းမရဘူး

HOME | CompletedWhere stories live. Discover now