"အဟက်! စိတ်ဝင်စားဖို့ကောင်းသားဘဲ"
"အင်မီယွန်း???"
"ကြွရောက်လာကြတဲ့ဧည့်ပရိတ်သတ်တို့ကို ကျွန်မကစိတ်ဝင်စားစရာလေးတစ်ခုလောက်ပြောစရာလေးရှိပါတယ်"
"အွန်းဆော့ဟျောင်း ယောင်းဘင်းလေးကိုခေါ်ပြီးထွက်သွားပေးပါ့လား? ယောင်းဘင်းလေးမကြားသင့်တာတွေကြားကုန်ရင်ငိုနေလိမ့်မယ်"
သားသားကိုနာကျင်ရမယ့်စကားတွေကိုမကြားစေချင်တာကြောင့် ဒီကလေးလေးမှာဘာအပြစ်မှာမရှိတာမို့ သားသားငိုရင်သူရင်ကွဲရပါလိမ့်မည် သူ့လက်လေးကိုလာကိုင်တဲ့လက်သေးသေးလေးတွေရဲ့ပိုင်ရှင်ကိုကြည့်လိုက်တော့ မျက်လုံးအရွဲကြီးတွေနဲ့ကြည့်ကာ....
"အာပါး~"
"အဲ့ဒီအမျိုးသားပတ်ဝန်ဘင်းဆိုတဲ့သူမှာ အရင်တုန်းကစေ့စပ်ထားတဲ့မိန်းကလေးဆိုတာကျွန်မပါဘဲ"
"တော်သင့်ပြီ အင်မီယွန်း!!"
"အဲ့တာတကယ်ဘဲလား?"
"ဟုတ်တယ် ငါတို့လဲအဲ့လိုကြားတယ် စေ့စပ်ပွဲပျက်သွားတယ်ဆို..."
"ကိစ္စတစ်ခုခုဖြစ်ခဲ့တယ်ဆိုဘဲ"တစ်စတစ်စထွက်လာတဲ့ဆူညံသံတွေကြောင့် ဝန်ဘင်းကတော့ဆက်မပြောတော့ဘဲ မီယွန်းဘာဆက်ပြောမလဲဆိုတာကိုစောင့်ကြည့်နေသည်
"ဟုတ်ပါတယ် အရမ်းကိုအရှက်ရစေမဲ့ကိစ္စတစ်ခုပေါ့"
"သားသားကိုခေါ်သွားပါတော့ အွန်းဆော့ဟျောင်း ကျေးဇူးပြုပြီးခေါ်သွားပါတော့..."
"ဟင့်အင်း မသွားဘူး အာပါးနားမှာဘဲနေမှာ မသွားဘူးးးး ဟင့်"
"သားသားရယ်လိမ္မာပါတယ်မငိုပါနဲ့ အာပါးတို့ပြီးရင်လိုက်လာခဲ့မယ်လေ နော်"
"ယောက်ျားတစ်ယောက်ဖြစ်ပါရဲ့နဲ့စေ့စပ်ပြီးသားယောကျ်ားနဲ့အိပ်မိသွားရင်းကလေးပါရလာတယ် ဘယ်လောက်ထိအရှက်ရလိုက်သလဲ?"
"တော်တော်မျက်နှာပြောင်တိုက်တဲ့ကောင်လေးဘဲ"
"ငါတော့သူ့မိဘတွေအစားရှက်တာ"
"အဲ့တာကြောင့်မို့အရင်ကမှပွဲထုတ်ခဲ့တာကိုး"ချန်းယောင်းလဲဘေးနားကစကားတွေကြောင့်မျက်ရည်တွေဝဲတက်လာပေမဲ့ မီယွန်းကသူ့ကိုလှောင်ပြုံးနဲ့ကြည့်နေတာမို့နာကျင်မှုကိုမျိုသိပ်ကာ မတ်တပ်ရပ်လိုက်ပြီး
VOUS LISEZ
My Important's Him
Roman d'amourနောက်တစ်ကြိမ်အသစ်ပြန်စရရင် ကိုယ့်ဘက်ကနေ အရင်စပြီးချစ်ခွင့်ပန်ပါရစေ~