Part 1

832 12 2
                                    

အခန်းအနားတစ်ခုဟာတစ်နာရီအတွင်းကျင်းပတော့မည်။

*မလုပ်သင့်ဘူး ခွန်နွန်*

ကို့ဟာကိုပြောလိုက်တယ်။
ငါတို့လက်ထပ်ရတော့မှာဖြစ်ပေမဲ့ သူကငါ့ကို လေးလေးစားစားနဲ့နူးနူးညံ့ညံ့လေးပြောဆိုနေဆဲ‌ဘဲ။သူကတကယ်ဘဲငါနဲ့တစ်ကုတင်ထဲအတူတူသုံးရမဲ့ ငါ့မိသားစုဝင်တစ်ယောက်ဖြစ်လာမဲ့သူလား။ ကြည့်ပြီးပြုံးလိုက်တယ်။

"ငါ့နဲ့ထိုက်တန်ရဲ့လား"

သဘာဝကြီးကငါတို့ကို သာမန်ဘဝရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ပျော်ရွှမှုနဲ့ဝမ်းနည်းမှုကိုပေးတယ်။ ကလေးတစ်ယောက်မွေးဖွားလာခြင်းရဲ့ပျော်ရွှင်မှု၊ဂိမ်းတစ်ခုကိုရှုံးနှိမ့်သွားတဲ့ဝမ်းနည်းမှု၊ အချစ်ဦးရဲ့ပျော်ရွှင်မှု၊ အိမ်ထောင်‌ေရးဖောက်ပြန်မှုနဲ့အဆုံးသတ်တဲ့ဆက်ဆံရေးတွေကြောင့် နာကျင်မှုတွေကိုခံစားခွင့်ရစေခဲ့တယ်။ဆိုလိုတာကဒါကသာမန်ဘဝပေါ့။ ဒါပေမဲ့ ငါကတော့မတူဘူး။

အမှန်တိုင်းပြောရရင်စိတ်ပျက်စရာ၊ စိတ်ဓာတ်ကျတာမျိုးတွေမကြုံးဖူးပါဘူး။ "မွန်လွမ်"(Mong Luang ML)ဆိုတဲ့မျိုးရိုးနာမည်နဲ့ မြင့်မြတ်တဲ့မိသားစုကနေမွေးဖွားလာတာ။အခုခေတ်အနေနဲ့သက်ဆိုင်မှုမရှိပေမဲ့ နာမည်ကအာဏာနဲ့ဂုဏ်သိက္ခာကိုအထင်ကြီးစေတုန်းဘဲ။

ဟုတ်တယ် လူတွေက အဲ့ဒီအရည်အသွေးတွေကို ငါ့အတွက်လို့ သတ်မှတ်တဲ့အခါ သူတို့ရဲ့မျှော်လင့်ချက်တွေလိုက်လျောညီထွေဖြစ်အောင် လုပ်ဖို့လိုတယ်လို့ခံစားခဲ့ရတယ်။ မင်းမျိုးမင်းနွယ်အိမ်မှာမွေးဖွားပြီး တခြားမိသားစုတွေနဲ့မတူတဲ့ဓလေ့ထုံးစံတွေကိုလိုက်နာဖို့လိုတယ်။ အရာအားလုံးပြည့်စံနေရမယ် ဘယ်အရာကမှငါ့စွမ်းရည်ထက်မပိုဘူး။ ငယ်စဉ်ကတည်းကဒီလိုသွန်သင်ဆုံးမမှုတွေက ငါ့ရဲ့စရိုက်ကို အမြစ်တွယ်စေခဲ့တယ်။
  
အတိတ်ဘဝကငါ့ရဲ့ကုသိုလ်ကောင်းမှုတွေကြောင့်ဆုလဒ်အဖြစ်ကံတရားကငါ့ကိုလှပတဲ့ခန္ဓာကိုယ်နဲ့ ထက်မြတ်တဲ့မိန်းမတစ်ယောက်အဖြစ်ပြောင်းလဲပေးတာဖြစ်နိုင်တယ်။ အဲ့တာကြောင့်ငါ့ဘဝမှာ စိတ်ပျက်စရာကိစ္စတွေမရှိခဲ့ဘူး။

Blank the series (MM translate)Where stories live. Discover now