~2~

106 23 31
                                    

"ညီမ အခန်းသော့ဒီမှာနော် တစ်ခုခုလိုအပ်တာရှိတာရင် အကိုအောက်ထပ်မှာရှိနေမယ်နော်"

"ကိုကို"

ကြောင်ပေါက်လေးက သူ့ကိုပြုံးပြနေတာချစ်စရာ...

မြင်မြင်ချင်းချစ်မိတယ်ဆိုတဲ့စကားအရင်က ပေါတောတောလို့ထင်ခဲ့မိပင်မဲ့ အခုတော့တကယ် ယုံသွားပြီ

ခေါ်တာလဲ "ကိုကို" တဲ့ ရေခဲကျောက်နှလုံးသားကို အနွေးဓာတ်တွေလာပေးတာပဲ

"ပြောလေ ယောန်ဂျွန်း.."

"မီးဖွင့်ထားထားလို့ရလား ယောန်ဂျွန်းက မှောင်နေရင် ကြောက်လို့ပါ ကိုကို"

ကလေးလေးလို ချစ်စရာကောင်းအောင်ပြောနေပုံမှာ ဒီလူကြီးရဲ့ ခံနိုင်ရည်ကိုစမ်းသက်နေသလို...

"ရတယ်လေ..."

"Good night ကိုကို"

ဆူဘင်းလည်း မောင်နှမနှစ်ယောက်လွတ်လွတ်လပ်လပ်နေရအောင် အောက်ဆင်းလာခဲ့သည်။

"မမ အရမ်းနာနေလား"

"မနာတော့ပါဘူး..‌မမရဲ့ဂျွန်းလေး အရမ်းလန့်သွားလား"

"မမကိုသတ်ပစ်မယ်လို့ပြောတာ အရမ်းကြောက်သွားတာပဲ"

"မမပြောထားတယ်လေ လူစိမ်းတွေခေါ်ရင် မလိုက်ရဘူးလို့"

မျက်ရည်တွေဝဲကာ မမကိုဖက်ထားသည်။

"ယောန်ဂျွန်းက အရူးလိုဖြစ်နေလို့ မမကို မကာကွယ်နိုင်တာ တောင်းပန်ပါတယ်"

"ကလေးလေးရယ် မဟုတ်ပါဘူး ဂျွန်းရှိနေလို့ မမကဆက်အသက်ရှင်နေနိုင်ရတာပါ မငိုပါနဲ့"

"မမရောပဲ မငိုနဲ့..."

"ဒါ ယောန်ဂျွန်းတို့အိမ်ရပြီမလား"

"မဟုတ်သေးဘူးလေ ဒါကသူများအိမ် စိတ်ချပါ မမအလုပ်ကြိုးစားပြီး အိမ်ဝယ်ပေးမယ်နော်"

"ယောန်ဂျွန်း မပူဆာပါဘူး မမနဲ့နေရရင် ဘယ်နေရာပဲဖြစ်ဖြစ်ရတယ်"

"အိမ်တော့နော် မမရဲ့အလိမ္မာတုံးလေး"

"Good night မမ"

...

မနက်မိုးလင်းတော့ ဆူဘင်းရဲ့ Mart မှာ ယောန်အွန်းက အချိန်ပိုင်းအလုပ်စဆင်းတော့သည်။

HOME | Completedحيث تعيش القصص. اكتشف الآن