~3~

89 17 10
                                    

ရုတ်တရပ်ကြီး ယောန်ဂျွန်းဟာ ဆူဘင်းနဲ့ခပ်ခွာခွာနေသည်။ စကားလည်းအရင်လိုမပြောသလို အတူလည်း လာမအိပ်တော့ပါဘူး။ ဘာလို့လည်းဆိုတော့ ဆူဘင်းကိုတွေ့ရင် ရင်တွေအရမ်းခုန်နေတတ်လို့ပါ။

ဆူဘင်းကိုချစ်နေတာ ဆူဘင်းသိပြီး သူ့ကိုစိတ်ဆိုးမှာ အရမ်းကြောက်သည်။ စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး အစာလည်းမစားနိုင် ခဏခဏဖျားလာသည်။

"ဂျွန်းလေး ဘာဖြစ်နေတာလဲ မမကိုပြော..."

"မမ ယောန်ဂျွန်းလေ ကိုကိုဆူဘင်းကို ချစ်နေမိလို့..."

ပြောရင်းမျက်ရည်တွေပါကျလာသည်။

"ယောန်ဂျွန်းက အရူးလိုဖြစ်နေတာမလို့ ယောန်ဂျွန်းကို ကိုကိုကမုန်းသွားရင် ဘယ်လိုလုပ်မလဲ...ကိုကိုကို တစ်ခြားမိန်းကလေးတွေနဲ့တွဲမြင်ရင် ယောန်ဂျွန်းရဲ့ ဒီနေရာကအရမ်းနာတယ် ဘယ်လိုလုပ်ရမလဲဟင် မမ"

‌မမကနည်းနည်းအံဩသွားပင်မဲ့ ယောန်ဂျွန်းကိုသနားနေမိသည်။

"ချစ်နေရင်ဖွင့်ပြောလိုက်လေ..လူတစ်ယောက်ကို လူတစ်ယောက်ကချစ်တာ ဘာများမှားနေလို့လဲ ဂျွန်းလေးဘက်ကမမရှိတယ် မမမောင်ကိုငြင်းရဲငြင်းကြည့်စမ်း ချွဲယောန်အွန်းနဲ့‌တွေ့သွားမယ် ဘာမှတ်နေလဲ"

ချော့ပြောမှ အငိုတိတ်တော့သည်။

"ညီမ ‌ကလေးလေးကဘာဖြစ်နေတာလဲ သိရလား အကို့ ကိုစိတ်ဆိုနေတာလား"

"မဟုတ်ဘူး အကို ညီမပြောတာလေး ခဏလောက်နားထောင်ပေးနော် ညီမဖုန်းပြန်ခေါ်လိုက်မယ်"

"ရတယ် ညီမပြော အကိုနားထောင်နေတယ်"

"ယောန်ဂျွန်းကို အကို ဘယ်လိုသဘောထားလဲ"

"ဘာလို့လဲ"

ဆူဘင်းနည်းနည်းအကျပ်ရိုက်သွားသည်။

အစ်မတစ်ယောက်ရှေ့မှာ မောင်ကိုချစ်နေပါတယ်လို့ ဘယ်လိုပြောရမလဲ...

"အကို့ကိုယောန်ဂျွန်းကချစ်နေတာ"

"ဗျာ..."

"ယောန်ဂျွန်းကလိမ္မာတဲ့ကလေးပါ အကို့ပြောစကားလည်းနားထောင်မှာ အခုဆို ပန်းချီဆရာအဖြစ်လည်းနာမည်ရနေပြီ ရုပ်ရည်ကလည်းပြောစရာမလိုပါဘူး အကို့ကိုတင်တောင်းရမယ်ဆိုလဲ ဘယ်လောက်ဖြစ်ဖြစ် ညီမရှာပေးနိုင်ပါတယ် ညီမမောင်လေးကို စဉ်းစားပေးပါနော်..."

HOME | CompletedWhere stories live. Discover now