ရင်ထဲက ပန်းတော်ဝင် 🪷

883 55 1
                                    

ငယ်ငယ်တည်းက မင်းသားလေးဟာ
သိပ်နူးညံ့ပြီး သိပ်လှလွန်းလို့
ဖခမည်းတော်ဖြစ်တဲ့ ဘုရင်ကြီးက 
ရွေနန်းတော်ကြီးကနေ ဘယ်မှမသွားစေခဲ့ဖူးတဲ့ကွယ်....

အင်အားကြီးနိုင်ငံလဲဖြစ်
အလွန်ကြီးလှတဲ့ နယ်နိမိတ်ကြီးကို
အုပ်ချုပ်နေရသူ ဘုရင်ကြီးဟာ
ချစ်သူခင်သူလဲ ပေါများသလို
မနာလိုသူ ‌အနှောက်အယှက်တွေကလဲ ပေါများလှသည်မို့
မင်းသားလေးကို စိတ်ကမချ
အပြင်လောကကြီးထဲ ရောက်သွားရင်
အန္တရယ်များလှသည်မို့ နန်းတော်ထဲမှာပဲ
ပြည့်စုံမူပေါင်း များစွာနဲ့
မတောင့်မတ မကြောင့်မကြ
ထားပေမယ့် မင်းသားလေးဟာ
အရွယ်ရောက်လာတာနဲ့ အမျှ
လောကကြီးအကြောင်း
စူးစမ်းချင်လာတဲ့ အရွယ်မို့
ဘုရင်ကြီးထံ ခနခန အပြင်သွားဖို့
ပူဆာတဲ့ အခါ ဖခမည်းတော် ခမျာမယ်
အကြပ်ရိုက်နေရရှာသတဲ့ .......

(ဘာဆက်ဖြစ်လဲ သိချင်ကြလား)

ရင်ထဲက ပန်းတော်ဝင် 🪷🪷Where stories live. Discover now