~4~

122 22 42
                                    

"ယောန်ဂျွန်း...ကလေးရေ..."

မနက်ခင်းလေး ချစ်သောမျက်နှာကြည့်ပြီးနိုးထချင်တာကို လက်မောင်းပေါ် ဒီကလေးရှိမနေတော့မနေတတ်...

တစ်အိမ်လုံးလိုက်ရှာလဲ မတွေ့ ..‌ပိုရန်ကောဟုဆိုနိုင်သလို အပြင်ထွက်လဲလမ်းထိပ်ထက်ပိုမထွက်တဲ့ကလေးကို စိတ်ကပူ

"ကိုကိုစားဖို့ ယောန်ဂျွန်းမချက်တတ်လို့ မနက်စာသွားဝယ်လိုက်အုန်းမယ်"

အသဲပုံ Sticky note လေးကိုမြင်တော့ ပါးချိုင့်တွေနစ်ဝင်အောင်ပြုံးပြီး ကလေးလေးအိမ်အပြန်လာကိုစောင့်နေသည်။

"ဆူဘင်းဟျောင်း ဆူဘင်းဟျောင်း"

"ဖြည်းဖြည်း ဘယ်လိုဖြစ်လို့လဲ ဘောမ်ဂယူး"

"ယောန်ဂျွန်း... ယောန်ဂျွန်း ...ယောန်ဂျွန်း..."

"ဘာဖြစ်တာလဲ ...မငိုဘဲ သေချာပြော ယောန်ဂျွန်း ဘာဖြစ်လို့လဲ"

"‌‌ ယောန်ဂျွန်း...ကျွန်တော်တို့အိမ်နားမှာပီဇာဘူးကိုကိုင်ပြီးလဲကျနေတာ သွေးတွေလဲအများကြီးပဲ အရိုက်ခံထားတာထင်တယ် ပါးပါးနဲ့မားမားက ဆေးရုံတင်ဖို့လုပ်နေပြီ ဟျောင်းကိုလာခေါ်တာ ကျွန်တော့်သူငယ်ချင်းကို ဘယ်သူကရိုက်တာလဲ.."

"ယောန်ဂျွန်း..ကလေးလေး.."

ဆူဘင်းစိတ်ထဲအပူကပ်နေတာပဲရှိတော့တယ် ဒီလောက်ဖြူစင်တဲ့ကလေးကို ဘယ်သူကအနိုင်ကျင့်တာလဲ...

ဆေးရုံရောက်တော့ ဒဏ်ရာတွေနဲ့ ယောန်ဂျွန်းကြောင့် သူဘာတွေလွှတ်သွားတာလဲ တစ်နာရီလောက်လေး အိပ်ပျော်သွားတာ ကလေးကဒီလိုတွေ မြင်လိုက်တော့ မီးကျီခဲခေါင်းပေါ်တင်ထားရသလို ပူလောင်နေသည်။

"ကိုကို..."

"ဆူဘင်းရောက်လာပြီးလား မင်းမေးကြည့်ပါအုန်း ဘယ်သူလုပ်တာလဲအန်တီမေးတာကို ဘာမှမပြောဘဲ မင်းနာမည်ပဲတစ်ချိန်လုံးတနေတာ"

"ကလေးလေး ကိုကို့ ကိုကြည့် ဘယ်လိုဖြစ်တာလဲ"

"ဟင့်အင်း အိမ်ပြန်မယ် ယောန်ဂျွန်းကြောက်တယ် ကိုကိုနဲ့ပဲနေချင်တယ် ကိုကိုကိုသူတို့ဒုက္ခပေးမှာကြောက်တယ် ယောန်ဂျွန်း ကိုကိုနဲ့မခွဲနိုင်ဘူး"

HOME | CompletedWhere stories live. Discover now