Episode 4

357 35 31
                                    

" ကိုကိုနော် "

မပြီးပျက်သေးတဲ့မနက်ကကိစ္စအားယောန်ဂျွန်းက အစဖော်ပေးနေပါသော်လည်း ကိုကိုကမသိချင်ယောင်ဆောင်ကာ ဆေးစာအုပ်ထဲခေါင်းဝင်လုမတတ် ၊ ချစ်ရဲ့သားနဲ့ဘာတွေကို မူနေလဲဆိုတာ တကယ်ကိုနားမလည်နိုင်တာဖြစ်သည် ၊ 

" ကိုကိုကဗျာ မနက်ကအကြောင်းကိုဆက်ရအောင်ပါဆို "

ကိုကို့ရှေ့က စာအုပ်အားဆွဲယူကာ ပိတ်ပစ်လိုက်မှ အကြည့်တို့ကသူ့ဆီရောက်လာ၏ ၊ သို့သော်လည်း ခေတ္တမျှသာဖြစ်ပြီး ချက်ချင်းအကြည့်လွှဲသွားကာယောန်ဂျွန်းနှင့်အကြည့်ချင်းမစုံတော့... ထို့ပြင်နားရွက်ဖျားများနှင့် ပါးနှစ်ဖက်ဟာခပ်ရဲရဲဖြစ်နေတာမလို့ ကိုကိုကရှက်များနေသည်လား ၊ 

" ကိုကိုလို့ "

" ပေါက်စကကွာ သိရဲ့နဲ့ "

" မပြောရင်မသိပါဘူးဆို "

ရှေ့က လက်ရဲဇက်ရဲလေးကအချစ်စကားတွေကိုထမင်းစားရေသောက်ဆိုနိုင်ပေမဲ့ Steveကတော့ရှက်သည် ၊ သူ့ဘက်ကတစ်ဖက်စိတ်ဝင်စားခဲ့သူသာရှိခဲ့ပြီး ဒီအသက်အရွယ်ထိတစ်ခါမှရည်းစားမထားခဲ့ဖူးတာကြောင့်လဲဖြစ်မည်....ဆေးရုံကိုသာအိမ်လိုသဘောထားပြီး နေခဲ့သူမလို့ အချစ်ရေးမှာလဲ မူလတန်းအဆင့်သာသာ ၊ ထို့ကြောင့် ယောန်ဂျွန်းအပေါ်မှာလစ်ဟင်းမှုတွေလဲရှိနိုင်ပြီး သူ့ထပ်အသက်ငယ်တဲ့ထိုကလေးစိတ်ပျက်သွားမှာကိုလဲ တွေးပူနေမိပြန်သည် ၊

ပေါက်စနှင့်ဒီအခြေအနေကို Steveသဘောကျပါသော်လည်း တစ်ဖက်သတ်အချစ်ကဘယ်လောက်များကြာနိုင်မှာမလို့လဲ ၊ တစ်ဖက်ကလက်လျှော့သွားလျှင် Steveဘက်ကလဲဘာမှတတ်နိုင်မည်မဟုတ်...ထို့ကြောင့် နှစ်ဦးနှစ်ဖက်ချစ်ကြတဲ့ဆက်ဆံရေးတစ်ခုသို့ကူးပြောင်းရန်ဆုံးဖြတ်ထားပါသော်လည်း လက်တွေ့တွင်ခက်ခဲလှသည် ၊ ချစ်ပါသော်လည်းဖွင့်မပြောနိုင်...အတွေးတွေများခဲ့ကာ ခက်ခဲတဲ့ဆုံးဖြတ်ချက်အားချခဲ့ပြီးသည့်တိုင်အောင် အခုများတော့ အချစ်စကားဆိုဖို့ရာ တကယ်ကိုရှက်နေတာဖြစ်သည် ၊ သူဘယ်လိုများ ဝန်ခံရမလဲ

" ကိုယ်... "

" .... "

" ကိုယ် ယောန်ဂျွန်းကို... "

You've reached the end of published parts.

⏰ Last updated: Apr 16 ⏰

Add this story to your Library to get notified about new parts!

YeonJunie: Dr.Steve's Prettiest Problem (rest)Where stories live. Discover now