One Short

14 0 0
                                    

Unicode

မောင့် ကျွန်တော်ကသာ မောင့်လိုခေါ်နေတာ သဘောကြတာ မောင့်ကတော့ မောင်လို့ခေါ်ရင် မကြိုက်ပါ ။
မောင့်ရဲ့ ထိုအမျိုးသမီး တစ်နည်းပြောရရင် ကျွန်တော် အားကျမိတဲ့ မိန်းကလေး " မိုးတန်ခူး " ။ ကျွန်တော်ရဲ့ အမ အရင်းပေါ့ ။ မောင့်နဲ့ အမ နဲ့က ငယ်ငယ်ထဲက သူငယ်ချင်းတွေလေ ။ အိမ်ကလူကြီးတွေကလည်း သဘောတူထားကြတာ ။ အမ တို့နဲ့ မောင့်က အရွယ်ရောက်လာတော့ သမီးရည်းစားတွေ ဖြစ်သွားကြတာပေါ့ဗျာ ။ ကျွန်တော်ကလည်း မောင့်ကို ငယ်ငယ်ထဲက သဘောကျတာဗျာ ။ မောင့်က ကျွန်တော်ကို အမြဲတမ်း နူးညံတယ် ။ မောင့် ကျွန်တော်ကို " နွေလေး " လို့ခေါ်လိုက်တိုင်း ကျွန်တော်သိပ်ပျော်တာဘဲ ။ အမကိုကြတော့ " တန်ခူး " တဲ့ အမကတော့ မောင့်ကို " ကို " လို့ခေါ်တာလေ ။ ကျွန်တော်မှတ်မိသေးတယ် မောင့်ကျွန်တော်တို့ အိမ်စရောက်တုန်းက ။

~

" တန်ခူးရေ "

" လာခဲ့ အိမ်မှာဘယ်သူမှ မရှိဘူးဟ .... ငါမောင်လေးရှိတယ် ေခါ်ပေးမယ်နော် "

" အေ မြန်မြန်လုပ်နော် မကြာစေနဲ့ တော်ကြာဖျားနေမယ် "

" အေပါဟာ ငါရေချိုးတာ အဲ့လောက်မကြာ
ပါဘူးဟ "

" မောင်လေး မောင်လေးနွေ ဒီမှာ မောင်လေးရဲ့ ကစားဖော် ကိုကို တစ်ရောက်ရောက်နေတယ် "

ကျွန်တော် အမအသံကြောင့် ကျွန်တော် အိမ်ပေါ်ထက်ကနေ ဆင်းလာခဲ့တော့ မောင့်ကို တွေ့တယ် ။ မောင့်က ကျွန်တော်ကို ပြုံးပြတယ် ။ ကျွန်တော် ကမ္ဘာတစ်ခုလုံး ပန်းတွေ ပွင့်သွားလောက်အောင် ​မောင့်အပြုံးက သိပ်ကို နွေးထွေးလွန်းတယ်ဗျာ ။
အဲ့နေ့က ကျွန်တော်နဲ့ မောင်နဲ့ စသိခဲ့တာလေ ။ အဲ့နေ့က သင်ကြန်ရောက်တော့ဖို့ ရက်နည်းနည်းလေးဘဲ လိုတော့တာ ။

~

မောင့်နမည် အရင်းက " ချမ်းမြေ့မောင် " တဲ့ မောင့်ဟာ နမည်နဲ့ သိပ်လိုက်တဲ့ လူတစ်ယောက်ပါဘဲ ။
ဒီနှစ်သင်ကြန်မှာ မောင့်ကို ရေလောင်းဖို့ ဦးဦးဖျားဖျားထွက်လာခဲ့တယ်လေ ။ ဒါပေမဲ့ မောင့်ကို အမ က ရေလောင်းနေတာကို ကျွန်တော်မြင်လိုက်တော့ ရှေ့က ပိတောက်ပင် အကွယ်မှာ ကျွန်တော် ချောင်းကြည့်နေလိုက်တယ် ။ မောင့်ဟာလေ ကျွန်တော် အသက် ၁၉ ပြည့်တဲ့ နေ့က စလို ကျွန်တော်အပေါ် အရင်လို သိပ်မနွေးထွေးတော့ဘူး ။ခုဆို ကျွန်တော်အသက် ၂၂ နှစ်ရှိသွားပြီ မောင့်ကတော့ ၂၆ ရှိပြီဘဲ အမကတော့ ၂၅ ဘဲရှိသေးတယ် ။စိမ်းကားသွားတဲ့ အကြောင်းက ကျွန်တော် ဒီနေ့လို သင်ကြန်ရက်မှာဘဲ  မောင့်ကို ကျွန်တော် ချစ်ကြောင်းပြောပြလိုက်တယ် ။
ကျွန်တော် အမှတ်အရဆုံးနေ့လေ ။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Apr 17 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

ပိတောက်ပန်းဝါဝါ မောင်ခေါင်းမှာ ....Dove le storie prendono vita. Scoprilo ora