1. bean there, done that

308 48 6
                                    

Description : Matthew's daily routine brewed more than just coffee; it stirred Professor Jiwoong's heart. He'd present Jiwoong with his carefully curated creation, a silent offering of affection hidden within the steaming depths of the espresso cup, one shot at a time, until Jiwoong found himself falling into the young student's cup ☕️

တစ်စုံတစ်ယောက်ရဲ့ ဘဝထဲကို မသိမသာနဲ့ ကုပ်တွယ်တက်ပြီး နေရာယူထားဖို့ ဘာလုပ်သင့်ပါသလဲ ။

ရှင်းပါတယ် ။ ဖြည်းဖြည်းမှန်မှန်နဲ့ ရိုက်သွင်းထားတဲ့ အလေ့အကျင့်လေးတစ်ခုက အက်ကြောင်းထပ်လာတဲ့အခါမျိုးမှာ ~ မကြာခင်မှာ ပြိုကျလာတော့မဲ့ တစ်ဖက်လူဆီက ကာဆီးထားတဲ့ တံတိုင်းအပိုင်းအစတွေက
ကိုယ့်ခြေဖဝါးအောက် ရောက်လာဖို့ စိတ်ရှည်ရှည်ထားပြီး စောင့်ဆိုင်းသင့်တယ်မလား ။

စိတ်ရှည်ရင် အရှုံးမရှိဘူး ။

မက်သရူးက မျက်စိရှေ့က တစက်စက်ကျနေတဲ့ ကော်ဖီစက်တွေကို စူးစိုက်ကြည့်ရင်း အသင့်ဖြစ်နေတဲ့ ကော်ဖီခွက်လေး လက်ထဲ ရောက်လာမဲ့ အချိန်ကို တည်တည်ငြိမ်ငြိမ်နဲ့ စောင့်ဖြစ်တယ် ။ အတန်းစဖို့ အချိန်နီးစပ်သယောင်ဖြစ်နေပေမယ့် အေးအေးဆေးဆေးပြင်ဆင်နေတဲ့ Baristaကို လောဖို့ မတိုက်တွန်းဖြစ်ဘူး ။ ကော်ဖီဘူးလေးက အချိန်တန်ရင် မက်သရူးလက်ထဲပဲ ရောက်လာမှာပဲလေ ။

" ကျေးဇူးပါ ။ "

ပူခြစ်နေတဲ့ ကော်ဖီဘူးက မက်သရူးလက်ထဲမှာ ။ အတန်းထဲ ဦးတည်နေတဲ့ ခြေလှမ်းတွေထဲမှာ လတ်လတ်ဆတ်ဆတ်ကော်ဖီနံ့ ခတ်ထားတယ် ။ ကားပါကင်မှာ အလွတ်ရနေတဲ့ ကားနံပါတ်ကို မမြင်သေးတဲ့အတွက် မက်သရူးရဲ့ တိတ်တခိုးကြိုးပမ်းမှုက ဒီနေ့မှာလည်း အောင်မြင်ဦးမှာပဲ ။

Theatre ထဲရောက်တော့ ကျဲပါးနေသေးတဲ့ လူဦးရေနဲ့ လူရှိတဲ့ အရိပ်အယောင်မပြသေးတဲ့ Professor Kim ရဲ့ ခုံ ။ မက်သရူးက သက်ပြင်းတစ်ချက်ချပြီး လက်ထဲက ကော်ဖီဘူးပေါ်မှာ စာတစ်ချို့ရေးလိုက်တယ် ။ အပေါက်၀မှာ ဆော့ပင်ထုတ်ပြီး စိတ်လိုလက်ရ စာရေးနေတဲ့ မက်သရူးကို ကျောင်းသားတွေကတော့ ကျော်တက်ပြီး အထဲ ဝင်သွားကြတာပါပဲ ။

" ဒီနေ့လည်း လန်းဆန်းတဲ့ တနင်္လာနေ့လေးဖြစ်ပါစေ ^^ "

ကော်ဖီဘူးလေးက ပိုင်ရှင်ရှိတဲ့ နေရာဆီရောက်ဖို့ ခြေလှမ်းပေါင်း ၁၆ လှမ်း လိုအပ်တယ် ။
မက်သရူးက နေ့တိုင်း အခန်းပေါက်၀မှာ ရပ်ပြီး လူသူမရှိတဲ့ ခုံကို ရပ်ကြည့်တယ် ။ ပြီးရင် ဆော့ပင်ထုတ်ပြီး ကော်ဖီဘူးပေါ်မှာ မတူညီတဲ့ စာတိုလေးတွေကို ခပ်သော့သော့ရေးတယ် ။ အလွတ်ရနေတဲ့ အခန်းပေါက်၀ကနေ ခုံနေရာအထိ လှမ်းရတဲ့ အကွာအဝေး ခြေလှမ်း ၁၆ လှမ်းကို ရေတွက်ပြီး ကော်ဖီဘူးကို နေရာမှာ ချထားပြီးတာနဲ့ သူ့ရဲ့ နေ့စဉ်အလုပ်က အဆုံံးသတ်တယ် ။

expresso, espresso | ppusamzWhere stories live. Discover now