ထွန်းကျော် အိပ်ယာကနိုးတော့ တစ်အိမ်လုံးတိတ်ဆိတ် ငြိမ်သက်လျက်ရှိသည်။သူသည်
အိပ်ယာမှ နိုးနိုးခြင်း ရေချိုးလိုက်လျှင်
ကောင်းမည်ဟုတွေးကာ အင်္ကျီကိုချွတ်၊ သဘက်တစ်ထည်အား ပုခုံးပေါ်တင်၍ အိပ်ခန်းထဲမှ ထွက်ခဲ့လေသည်။ရေချိုးခန်းသို့သွားရန် မီးဖိုဆောင်ထဲမှ
ဖြတ်အထွက်တွင် ထွန်းကျော် မီးဖိုဆောင်
ထဲသို့ တစ်ချက် ဝေ့ကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရ။ထို့ကြောင့်ပင် အေးအေးဆေးဆေး ရေချိုးခန်းသို့
ဝင်ကာ ရေကိုတဝကြီး ချိုးလိုက်သည်။ရေချိုးပြီးနောက် ထွန်းကျော်သည်
သူ့အိပ်ခန်းထဲသို့ ပြန်ဝင်ကာ အဝတ်အစား လဲလိုက်သည်။ပြီးတော့ သူဒီအိမ်ကို
ရောက်လျှင် မနက်တိုင်း လုပ်နေကျဖြစ်သည့် ထမင်းစားခန်းဆီသို့ ထွက်လာခဲ့သည်။
အရင်နေ့တွေက မည်သူ့ကိုမျှ မတွေ့ရပေမယ့်
သူ့အတွက် စားစရာ တစ်ခုခုတော့ စီစဉ်
ထားမြဲ ဖြစ်သည်။ထွန်းကျော် ထမင်းစားခန်း အတွင်းသို့
လှမ်းအဝင်ထမင်းစား စားပွဲဘေးတွင်
ရပ်နေသော လှလှမွန်က ထွန်းကျော် ဝင်လာရာဖက် လှည့်ကြည့်ကာ သူ့ကို ပြုံးပြ
လိုက်သည်။ပြီးမှ သူမ၏ မျက်နှာလေးအား တစ်ဖက်သို့ ပြန်လှည့်ကာ သွားလေသည်။ထွန်းကျော်ကို နောက်ကျောပေးကာ
ရပ်နေသော လှလှမွန်၏ နောက်ကျောပြင် အလှသည် နံနက်အိပ်ယာမှ နိုးစ လန်းဆန်းနေသော သူ့သွေးသားများကို သွက်လက်စွာ လှုပ်ရှားစေသည်။ထွန်းကျော်သည် သူမ၏နောက်ဖက် (၄)၊(၅) ပေ အကွာသို့
အရောက်တွင် ရှေ့ဆက်မသွားတော့ဘဲ လှလှမွန်၏ နောက်ကျော အလှကိုသာ
စူးစူးနစ်နစ် ငေးကာ ကြည့်နေလေသည်။ကျောလည်လောက် ရှိလိမ့်မည်ဟု
ထင်ရသော ဆံပင်လေးများကို
လှလှမွန်သည် အရင်းမှ ဆံညှပ်ဖြင့် စုကာ စည်းထားလေသည်။ထို့ကြောင့် ဖွေးကာ
နုနေသော ဂုတ်ပိုးလေးသည် ဆံနွယ်စလေးများဖြင့် မချင့်မရဲ ဖြစ်စရာ
ကောင်းလောက်အောင် လှပနေလေသည်။ ထို့ပြင်လည်း သူမ ဝတ်ထားသော နက်ပြာရောင် အင်္ကျီလက်ပြတ်၏ တစ်ဖက် တစ်ချက်ရှိ လက်ပေါက် အနားစလေးများ
ဆီမှ သူမ၏ပုခုံးသား လုံးလုံးလေး
နှစ်ဖက်သည် ဝင်းဝါကာ ပြည့်ပြည့်
ဖေါင်းဖေါင်းလေး ဖြစ်နေကြသည်။
YOU ARE READING
ချစ်ဝေ့လည်လည်
Short Storyအောစာအုပ် (တင်ထားပြီးသမျှ စာအုပ်များထဲမှ တစ်အုပ်ကို Remake ပြန်လုပ်ထားသည်။)