Chapter 3

430 51 20
                                    

ထူးဆက်သည် သင်တန်းခန်းမှာ ကောင်းမြတ်စိုးကို ခဏထားခဲ့ကာ toilet ရှိရာကို ထွက်လာဖြစ်သည်။ Toilet ခဏဝင်ပြီးရင် ဘတ်စ်ကား သွားစီးမည်။ ပြီးရင် အိမ်ပြန်မည်။ လောလောဆယ် သဘာဝကြီးက ခေါ်ဆိုနေပြီဆိုတော့ ‌ရုံးဝန်ထမ်းသုံး toilet ကို လိုက်ရှာကာ လွတ်သောအခန်းကို ဝင်ပြီး ကိစ္စရှင်းရသည်။ ဘေစင်မှာ လက်ကိုပြန်ဆေးနေချိန်မှာ toilet ထဲကို လူတစ်ယောက်ဝင်လာသည်။

ဟိုလူကြီးပဲပေါ့။ ဟိုနေ့တုန်းက အင်တာဗျူးအခန်းမှာ ထိုင်နေတုန်းကတော့ သိပ်မသိသာဘူး။ အခုကျ မတ်ရပ်အနေအထားနဲ့ မြင်ရတာဆိုတော့ သူ့အရပ်အမြင့်က ၆ ပေစွန်း ရှိလောက်သည်။ ဒီနှစ်တွေမှာ အရပ်ပိုမြင့်လာတာလား။ ထူးဆက်ရဲ့အရပ်က အခုမှ ၅ ပေ ၅ လက်မ။ ဒီထက်ပိုပြီး မြင့်လာဦးမယ်လို့ မထင်‌ဘူး။ ထူးဆက်သည် ချက်ချင်းပဲ အဲဒီလူကြီးကို မမြင်ချင်ယောင်ဆောင်ကာ မျက်နှာလွှဲပစ်လိုက်သည်။

"ထူးထူး"

ဘာလဲ။ ဘာတွေလာခေါ်နေတာလဲ။ အနားမှာ လာရပ်ပြီး ခေါ်ချင်ရာခေါ်၊ ပြောချင်ရာပြော၊ သံလွင်ထူးဆက်တို့က ဘယ်ဝင်ညာထွက်ပဲ။ ကိုယ့်ကိုခေါ်တယ်ဆိုရင်တောင် မထူးနိုင်ပေါင်။ ကလေးအရွယ်တုန်းကသာ စိတ်ခုန်ရင် ခုန်မယ်။ အခုတော့ နိုး။ ပြီးတော့ ဒီနှစ်တွေမှာ ပိုင်ပိုင်နိုင်နိုင်ကြီး ဆုံးဖြတ်ထားပြီးသား။ သူ့ကိုပြန်တွေ့ရင် ကိုယ့်ဘက်ကစပြီး ချေပြမယ်လို့။ လူတစ်ယောက်ကို crush တာကလည်း expired date ရှိတယ်။ တစ်သက်လုံး ဒီတစ်ယောက်တည်းကိုပဲ crush နေမယ်လို့ မမှတ်ယူနဲ့။

"ဧရာရော ဘာတွေလုပ်နေလဲ၊ မိုးဦးမေခနဲ့ ရန်ဖြစ်လို့ ကောင်းတုန်းလား၊ အန်ကယ်တို့ရော နေကောင်းကြလား"

ကြည့်ဦး။ မေးသမျှကို တစ်ခွန်းမှ ပြန်မဖြေဘဲ မသိချင်ယောင် ဆောင်နေတာပဲ။ မင်းခန့်ကို မသိဘူးဆိုရင်တောင် သူ့ကို လောလောလတ်လတ် အင်တာဗျူးမေးထားတဲ့ လူကြီးတစ်ယောက်အနေနဲ့ ရိုသေမှုကို ပြရမှာ မဟုတ်လား။ မင်းခန့်တစ်ယောက်လုံး သူ့ဘေးမှာ လာရပ်တာကို မသိချင်ယောင်ဆောင်ပြီး ဘေစင်မှာ လက်ကို ဆက်ဆေးသည်။ တစ်ရှူးစကို လှမ်းဆွဲကာ ရေစိုနေသောလက်ကို တစ်ရှူးနဲ့သုတ်သည်။ မင်းခန့်တည်ကြည်တို့များ ဘယ်လောက်တောင် အချေခံနေရသလဲဆိုတာ။ ဒီကောင်လေးက ကိုယ့်ကို အနားမှာထားပြီး ချေ‌ပြနေတာ။ ချာတိတ်အရွယ်တုန်းကလည်း ချစ်စရာကောင်းသလို အခုလည်း ကောင်ချောလေးအဖြစ် အရွယ်ရောက်လာတာဆိုတော့ အသည်းယားစရာကောင်းသည်။

My Little CrushWhere stories live. Discover now