💌

151 9 0
                                    

song recommended - BOYNEXTDOOR - Dear. My Darling

.....

" ဟွန်းငယ် ကိုယ်တို့လမ်းခွဲရအောင်လား "

" ဘာလို့လည်းကိုကို ကိုကိုမကြိုက်တဲ့အရာတေ ဟွန်းလုပ်မိလို့လား ဟွန်းနောက်ကိုဆင်ခြင်မယ်လေ ဟွန်းကိုထားမသွားပါနဲ့ "

ဟွန်းငယ်ရယ်မငိုပါနဲ့လား ၊ ဟွန်းအဲ့လိုငိုနေရင် ကိုယ်ဘယ်လိုစိတ်နဲ့ဟွန်းကိုထားခဲ့နိုင်တော့မှာလည်း ။

" မဟုတ်ပါဘူး မင်းဘာမှမလုပ်မိပါဘူး ကိုယ်ဒီတိုင်းစိတ်ကုန်လာလို့ "

" မဟုတ်ဘူး ကိုကိုလိမ်နေတာ! ကိုကိုလိမ်နေမှန်း ဟွန်းသိတယ် ဟွန်းကိုမလိမ်ပါနဲ့ "

ဟုတ်တယ် သူ့ကိုကိုလိမ်နေတာ ၊ ကိုကိုလိမ်နေမှန်းသိတာမို့ ဟွန်းကိုလိမ်နေတာလို့ပြောပေးပါကိုကို ။

" မလိမ်ပါဘူး ကိုယ်တို့ထပ်မတွေ့ရအောင် နှုတ်ဆက်ခဲ့ပါတယ် ပတ်ခ်ဆောင်ဟွန်း "

ဟီဆွန်း ဆောင်ဟွန်းသူ့ကြောင့်ငိုနေတာ သူ့ရင်ထဲတော်တော်လေးနာကျင်ရတာမို့ ကော်ဖီဆိုင်ကအမြန်ပြေးထွက်လာခဲ့သည် ၊ ဟွန်းငယ်သူမျက်ရည်ကျတာမမြင်စေချင်တာမို့ ၊

" ကိုကိုဘာလို့လွယ်လွယ်နဲ့ငါ့ကိုထားသွားရတာလည်း "

ဆောင်ဟွန်း ကော်ဖီဆိုင်ထဲမှာ ပတ်ဝန်းကျင်ကိုဂရုမစိုက်နိုင်အောင် ငိုကြွေးနေသည် ။

.......

" ဟီဆွန်းဟျောင်း အဆင်ရောပြေရဲ့လား ငိုထားတာလား "

ဂျယ်ယွန်းကသူ့အစ်ကိုဖြစ်သူ အိမ်ကိုငိုပြီးပြန်လာတာတွေ့တော့ စိတ်ပူပြီးမေးလိုက်သည် ။

" အင်း ဟွန်းငယ်ကိုဟျောင်းလမ်းခွဲလိုက်ပြီ "

" ဟျောင်း အဆင်မပြေရင်ငိုလိုက်ပါ ေဟျာင်းခံစားရတာတေ မြိုသိပ်မထားပဲငိုလိုက်ပါ "

ဂျယ်ယွန်းစကားကြောင့် ဟီဆွန်းလည်း ပိုဝမ်းနည်းသွားပြီး မျက်ရည်တေကျလာသည် ။

ဂျယ်ယွန်း သူ့အစ်ကိုဟီဆွန်းအနားသွားပြီး ဖက်ထားပေးလိုက်သည် ။

" ဟျောင်းမျှော်လင့်ချက်ထားလို့ ရပါသေးတယ် ဟျောင်းအတွက်နှလုံးအစားထိုးပေးမဲ့သူပေါ်လာမှာပါ "

DEAR. MY DARLING | HEEHOONWhere stories live. Discover now