Chapter 4

380 51 17
                                    

[Unicode]
မင်းခန့်တည်ကြည်သည် တစ်ဖက်ကားပေါ်ကနေ ထူးထူးကို ဘယ်လောက်လှမ်းခေါ်ခေါ် ကောင်ငယ်လေးက မသိကျိုးကျွံပြုကာ ဘယ်မှတ်တိုင်မှာမှ မဆင်းတာမို့ YBS သွားရာတောက်လျှောက်မှာ မာစီဒီးကားကို ထပ်ကြပ်မကွာ လိုက်မောင်းသွားရသည်။ YBS ကားက ဂိတ်ဆုံးသွားတဲ့အခါ လူအကုန် ကားပေါ်က ဆင်းကြတာမို့ ကောင်ငယ်လေးကလည်း လိုက်ဆင်းလာသည်။ မင်းခန့်လည်း အ‌ပေါက်ဝက အသင့်စောင့်ကာ ကောင်ငယ်လေး အောက်ဆင်းလာတာနဲ့ သူ့လက်ကလေးကို ဖမ်းဆွဲထားလိုက်သည်။

"လွှတ်.. ကျွန်တော့်ကို လွှတ်"

"Bae ကို လိုက်ပို့ပေးမယ်လို့ ကိုကို ဒီလောက်ပြောနေတာကို ဘာဖြစ်လို့ မကြားချင်ယောင်ဆောင်နေတာလဲ"

"လွှတ်လို့ပြောနေတယ်နော်၊ ကျွန်တော် ခင်‌ဗျားကို မသိဘူး"

"အဲဒီလိုတွေ ထပ်ပြောပြန်ပြီ၊ တစ်ခွန်းပဲ ထပ်ပြောကြည့်‌‌နော်၊ ကိုကို ကောက်ချီပစ်မှာ၊ လူမြင်ကွင်းမှာ မချီရဲဘူး မထင်နဲ့"

အနီးအနားဝန်းကျင်မှာ လူတွေရှိကြသည်။ မင်းခန့်လည်း ကောင်ငယ်လေးရဲ့လက်တစ်ဖက်ကို ဖမ်းဆွဲကာ ကိုယ့်ကားဆီကို ဆွဲခေါ်လာလိုက်သည်။ ထူးထူးကလည်း အတင်းရုန်းဖယ်ပြီး ယက်ကန်ယက်ကန်နဲ့ ပါလာသည်။ ကောင်လေးက ကားပေါ်မတက်ဘဲ ပေကပ်ကပ်လုပ်နေလို့ အဲဒီကိုယ်လုံးလေးကို မင်းခန့်က ကောက်ပွေ့ချီပြီး ကားပေါ်‌တင်ရသည်။ ပြန်ပြေးဆင်းမှာစိုးလို့ ကားတံခါးကိုပါ တစ်ခါတည်း လော့ခ်ချပြီးမှ မင်းခန့်က ကားပေါ်ပြန်တက်ထိုင်ရသည်။ ထိုင်ခုံခါးပတ်ကို ပတ်ပေးရအောင် သူ့အနားလေးကို တိုးကပ်သွားပြီး ကြိုးကို လှမ်းအဆွဲမှာ ချာတိတ်က မင်းခန့်ကို ဘုကြည့်ကြည့်သည်။

"သွား ..အနားမကပ်နဲ့ .. ကိုယ့်ဘာသာ ပတ်မယ်"

"ကိုကိုလုပ်ပေးမယ်"

"ခင်ဗျားကို မသိဘူး၊ လုပ်ပေးစရာလည်း မလိုဘူး"

"ဒီချာတိတ်လေးကတော့ အရမ်း စွာနေပါလား၊ ကိုကို့အရှေ့မှာ ချစ်စရာကောင်းအောင် အရမ်း လုပ်ပြနေရင် လူတွေအရှေ့မှာလည်း မရှောင်ဘူး၊ Bae ကို ဖက်နမ်းပစ်မှာနော်၊ တကယ်နမ်းမှာ"

My Little CrushWhere stories live. Discover now