{တစ်ကျော့ပြန်}
အပိုင်း(၂၀)
အာဏာလည်းအလုပ်သွားလိုက်အလုပ်ကပြန်လာရင်ခတ္တာဆီဝင်လိုက်နဲ့ရက်တော်တော်ကြာကြာဖြစ်သွားသည်
ခတ္တာလည်းလက်ကသက်သာစပြုလာပြီမို့နောက်နေ့အလုပ်ဆင်းရန်ကိုကို့အားပြောထားပြီးပြီဖြစ်သည်
ကျော့တစ်ယောက်ဒီကြားထဲ ငြိမ်ငြိမ်နေပြီးခတ္တာအခြေအနေအားစောင့်ကြည့်နေသည်
မောင်ရှေ့မှာတော့မလုပ်တော့ဘူးလို့ပြောထားပေမဲ့ ကွယ်ရာမှာတော့သေကြေတဲ့ထိလုပ်ပြစ်ချင်နေသည်
ခတ္တာခြံထဲ၌ပန်းပင်တွေရေလောင်းနေတုန်းခြံထဲကိုကားတစ်စီးဝင်လာတာကြောင့်ကြည့်နေတော့ ကိုကိုပင်
"...ဟင် ကိုကို ဘာလာလုပ်တာလဲ အလုပ်ချိန်ကြီးမဟုတ်ဘူးလား.."
"...အချိန်လည်းကြည့်အုန်းဒေါ်ခတ္တာငယ်ဦး..
ကိုကိုပြောမှခတ္တာဖုန်းအားထုတ်ကြည့်မိလိုက်တော့
"...4:00တောင်ရှိပြီပေါ့လေ အဲဆိုခတ္တာရေလောင်းနေတာကြာပြီပေါ့လေ.."
အာဏာခုမှနာရီကိုကြည့်လိုက်သူ့ကိုကြည့်လိုက်နဲ့ ပြူးတူးတူးလေးဖြစ်နေတဲ့ခတ္တာကိုအသဲယားနေမိသည်
"...ခတ္တာ ရေသွားချိုး တော့.. "
"...ဟင် မချိုးချင်သေးပါဘူး စောသေးတာကို.."
"..ကိုကိုကညစျေးတန်းသွားဖို့ခေါ်မလားလို့ ခတ္တာကရေမချိုးဘူးဆိုတော့လည်းမခေါ်တော့ပါဘူးလေ.."
ဟင် ကိုကိုကညစျေးတန်းလို့ပြောတာကြောင့်ခတ္တာမျက်လုံးလေးကလယ် ကလယ်နဲ့ကြည့်နေရင်း
"..တကယ်သွားမှာလားကိုကို.."
အာဏာသူ့အားမျက်လုံးလေးကလယ်ကလယ်နဲ့ကြည့်ပြီးမေးနေတဲ့ခတ္တာကြောင့်
"..တကယ်ပေါ့ သွားရေသွားချိုးတော့မပြီးရင်မစောင့်ဘူးနော်.."
ခတ္တာကိုကိုစကားကြောင့်ရေပိုက်အားပြာပြာသလဲလဲချပြီး
"..ခုသွားပြီကိုကို.."
အာဏာသူပြောတော့ရေပိုက်အားချပြီးအိမ်ထဲအပြေးဝင်သွားတဲ့ခတ္တာအားကြည့်ပြီးခေါင်းတခါခါနဲရယ်ရင်းအိမ်သို့ပြန်လာခဲ့သည်
YOU ARE READING
တစ်ကျော့ပြန်
רומנטיקהUni/Zawgyi Start Date-22/3/2024 End Date-22/4/2024 စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ (ပထမဆုံးရေးသားခဲ့တဲ့Ficလေးဖြစ်တာကြောင့်မသေမသပ်အရေးသားလေးတွေကိုသည်းခံခွင့်လွှတ်ပေးကြပါရှင့်)