Chapter 5

301 43 10
                                    

[Unicode]
ထူးထူးလာခေါ်ပြီး သိပ်မကြာခင်မှာ မင်းခန့်လည်း ညစာစားရအောင် အောက်ထပ်ကို ဆင်းသွားလိုက်သည်။ ထမင်းစားခန်းထဲမှာ လူစုံနေကြသည်။ ဦးအဏ္ဏဝါက စားပွဲထိပ်မှာ ထိုင်နေသည်။ အန်တီနှင့်မေခက စားပွဲရဲ့တစ်ဖက်ခြမ်းမှာထိုင်ပြီး အခြားတစ်ဖက်မှာ ဧရာနှင့်ထူးထူးတို့ ထိုင်နေကြသည်။ မင်းခန့်လည်း စားပွဲရဲ့ ဒီဘက်ထိပ်မှာ ဝင်ထိုင်လိုက်သည်။ စားပွဲပေါ်မှာ ဟင်းတွေက စုံစုံလင်လင်ပင်။ ဒီအိမ်ရဲ့တစ်ဦးတည်းသော စားဖိုမှူးဖြစ်တဲ့ အန်တီသဇင်သင်းရဲ့လက်ရာတွေပေါ့။

"မင်းခန့် ထမင်းစားလို့ အဆင်ပြေရဲ့လား၊ မင်း အန်တီသင်း လက်ရာတွေကို အကြိုက်တွေ့ရဲ့လား"

"ပြေပါတယ် အန်ကယ်၊ အန်တီသင်း လက်ရာက ပြောစရာမလိုအောင် ကောင်းပါတယ်၊ ကျွန်တော်က အဆောင်မှာ ဖြစ်သလို နေထိုင်စားသောက်နေရတော့ ဆိုင်လက်ရာတွေကို ညည်းငွေ့နေပြီဗျ၊ အခုက အိမ်လက်ရာဆိုတော့ ထမင်းစားလို့ ရှယ်ကောင်းပါတယ်"

"မစားတဲ့အသားရှိရင် မင်းအန်တီကို ကြိုပြောထားနော်၊ စားချင်တာလေးတွေရှိရင်လည်း ချက်ကျွေးခိုင်း"

"ဟုတ်ကဲ့ အန်ကယ်၊ ကျေးဇူးပါ"

မင်းခန့်က ငယ်ငယ်ကတည်းက အမေမရှိတော့တဲ့သူဆိုတော့ မိသားစုစုံညီ ထမင်းဝိုင်းတွေဆိုရင် သိပ်သဘောကျသည်။ ကော့သောင်းမှာ ဖေဖေနဲ့ နေတုန်းကလည်း သားအဖနှစ်ယောက်တည်း စားရသည်။ တစ်ခါတလေ ဖေဖေ ခရီးထွက်သွားတဲ့အခါဆိုရင် ထမင်းဝိုင်းမှာ မင်းခန့်တစ်ယောက်တည်း ထိုင်စားရသည်။ ဘယ်လောက်အထိ အထီးကျန်စရာကောင်းသလဲဆိုတာကို ခံစားဖူးတာဆိုတော့ မိသားစုစုံညီ ထမင်းဝိုင်းကို လိုချင်ခဲ့သည်။ အခုရရှိနေတာက မင်းခန့်ရဲ့ကိုယ်ပိုင်မိသားစု မဟုတ်ပေမဲ့လည်း ကိုယ့်ကို နွေးထွေးစွာ ကြိုဆိုပေးတဲ့ မေတ္တာရိပ်မြုံလေးထဲကို ရောက်နေရသလို ခံစားရသည်။ မိဘနှင့် သားသမီး စုံညီတဲ့ ထမင်းဝိုင်းမှာ မင်းခန့်လည်း အတူပါဝင်ပြီး တစ်နေရာစာ ထိုင်ခွင့်ရသည်။ အဲဒါကြောင့် ပျော်ရွှင်မှုကို ခံစားမိသည်။

"ပန်းကန်ကို ဘေစင်ပေါ်တင်ခဲ့လိုက် အစ်ကို၊ ဒီနေ့က ကျွန်တော့်အလှည့်"

My Little CrushWhere stories live. Discover now