Part-1

190 22 47
                                    

သူနဲ့မျက်လုံးချင်းဆုံပြီးတဲ့အချိန်ကစပြီးသူကအလွတ်မပေးတော့ဘူးအချိန်တိုင်း၊နေရာတိုင်းမှာသူ့ကိုပဲမြင်နေခဲ့ရတယ်...။။

။။။

"ဇွက်" ဆိုပြီးဓါးနဲ့မျက်လုံးကိုထိုးချလိုက်ချိန်ငှက်များကထပျံသွားကြကာ ပခုံးပေါ်လာနားခဲ့တဲ့ထိုကျီးကန်းနဲ့အတူထိုလူကရယ်မောနေခဲ့တယ်...။။

ဓါးကိုပြန်နှုတ်လိုက်တော့ကပ်ပါလာတဲ့မျက်လုံးဟာသွေးတွေတတောက်တောက်နဲ့ကျနေခဲ့ပြီး ထိုမျက်လုံးကိုကျကျီးကန်းကိုကျွေးလိုက်ကာ လက်မှာပေနေတဲ့သွေးတွေကိုတော့သူကယက်လိုက်ရင်းထိုလူရဲ့နားထဲကို

"ငါ့နာမည်နီခီ" ဆိုပြီးတိုးတိုးလေးကပ်ပြောလိုက်လေရဲ့...။။

။။။

ဗုံးကျွမ်းကျင်သူများFSအထူးတပ်ဖွဲ့၁ခေါင်းဆောင်ပတ်ဆောင်းဟွန်းဟာဗုံးဖြုတ်၊ဗုံးတပ်တာကိုအရမ်းကျွမ်းပြီးဗုံးဖြုတ်တိုင်းလည်းအကာအကွယ်အင်္ကျီ
မဝတ်ဆင်ဘဲအောင်မြင်စွာမြန်မြန်ဆန်ဆန်ဖြုတ်နိုင်တဲ့လူတစ်ယောက်ဖြစ်လို့အားလုံးကသူ့ကိုသေမျိုးလို့သတ်မှတ်ထားကြလေရဲ့...။

ဝါသနာအရထိုအလုပ်ကိုလုပ်ခဲ့တာဖြစ်ပြီးအလုပ်ပေါ်ပေါ့ပျက်ပျက်လုပ်ခဲ့တာမျိုးလည်းရှိခဲ့ပါဘူး...။

တစ်နေ့ကျတရားရုံးထဲအစောင့်တွေချထားရပြီး‌တရားစီရင်ရေးကတော့မစသေးပဲ ဆောင်းဟွန်းတို့အဖွဲ့လည်းကြည့်ရှုသူနေရာမှာထိုင်နေကြ‌ရတော့တယ်...။

"ဒါနဲ့ငါတို့ကဘာလုပ်နေရတာလဲ?"

"မသိဘူးလေစစ်တပ်ဦးစီးမှူးချုပ်ထိုင်ဆိုတော့ထိုင်နေရတာပေါ့"

"အလုပ်မရှိ‌ကြောင်ရေချိုးနေရတဲ့အတိုင်းပဲ" ဆိုပြီးပြောနေကြတော့ခေါင်းမော့ရင်းခုံပေါ်မှီအိပ်နေတဲ့ဆောင်းဟွန်းကထလာပြီး

"အကြောင်းရှိမှာပေါ့"

"ခေါင်းဆောင်နိုးလာပြီလားဗျ?"

Incorrectly ✓ || Hoonki🐧🐥Wo Geschichten leben. Entdecke jetzt