မနက်စာဘာစားမလဲ?

489 77 5
                                    


"ကင်ရစ်ခီ ငါ့ကိုပြန်မအော်နဲ့ မင်းလုပ်ထားတာ
ဘာမ‌ှန်နေလို့ အသံကောင်းဟစ်နေတာလဲ!!"

"ငါလည်း ဒီလိုဖြစ်ပါစေဆိုပြီးလုပ်လိုက်တာမှမဟုတ်တာ ကိုကိုမင်းငါ့ကို မအော်နဲ့နော်!"

ရစ်ခီရဲ့ မျက်လုံးစုံမှိတ်ပြန်‌ေအာ်သံအဆုံး
ကိုကို့ဘက်ကဘာသံမှမကြားရတော့။
မျက်လုံးတစ်ဖက်ကို အသာဖွင့်ရင်း
ချောင်းကြည့်တော့ ကိုကိုကသူ့ကို
အံကြိတ်ပြီး စိုက်ကြည့်နေသည်မို့
စိတ်တိုတိုနှင့်ပင် သူသည်လည်းပဲ
နှုတ်ခမ်းဖူးဖူးရဲရဲ‌ေလးကိုစူထော်ပစ်လိုက်သည်။

"မင်းကိုငါစာကိုပဲအာရုံစိုက်လို့မပြောထားဘူးလား ကျန်တာငါရှင်းမယ်လို့ ငါ့စကားကို မင်းစောက်‌အာရုံမစိုက်ဘူးပဲ!!!"

"........"

"အခုလည်း အန်တီမေယွင်ကပြောလို့ မင်းအကြွေးတွေကိစ္စငါသိရတာ ထပ်ပြီးငါမသိအောင်မင်းဘာတွေလုပ်ထားသေးလဲ ဘယ်သူ့ဆီ
မှာဘာတွေကျန်သေးလဲ အကုန်မင်းပြောစမ်း!"

"......."

"တောက်စ် ငါကွာ!!!!"

သူ၏နှုတ်ဆိတ်နေမှုအဆုံး ကိုကိုက စိတ်ပိုတိုလာဟန် ခုံတွေကိုကန်ကျောက်ပစ်သည်။

"စိတ်ကုန်လာပြီ ငါမင်းကိုစိတ်ကုန်လာပြီ
ရှန်ခ‌ျွမ်ရွေ့!"

အိ.......ရှန်ချွမ်ရွေ့?ရည်းစားဖြစ်ကတည်းက သူ့ကို ဟန်နီ၊ကင်ရစ်ခီ၊ရစ်၊ပူတူးတူးလို့ မျိုးစုံမရိုးနိုင်အောင်ချစ်စနိုးနဲ့ခေါ်လာတဲ့ကိုကိုက အခုသူ့ကို
ရှန်ချွမ်ရွေ့လို့ခေါ်လိုက်တယ်။သူတောင် မေ့ချင်နေပြီဖြစ်တဲ့ ဘယ်သူပေးခဲ့မှန်းမသိတဲ့ နာမည်ကိုလေ?

"မပေါင်းဘူး ခင်ဗျားနဲ့ကွာမယ်!!!!"

ရစ်ခီ ကိုကို့ကိုကျောပေးပြီး အခန်းထဲ
ပြေးဝင်မှုအဆုံး အပြင်က ကိုကို့၏
စိတ်တိုဟန်အော်ဟစ်မှုကြီးက
အခန်းထဲထိလိုက်လာသေးသည်။

ကိုကိုက ရစ်ခီ့ကို စိတ်ကုန်တယ်တဲ့။
ပြီးတော့ သူမကြိုက်တဲ့ နာမည်ကိုလည်းပြန်ခေါ်လာသေးတယ်။ရစ်ခီက ကိုကိုပင်ပန်းတာမကြည့်ရက်လို့ပိုက်ဆံချေးပြီး အလုပ်သေးသေးလုပ်တာ
လိမ်ခံရမယ်လို့ ဘယ်ထင်ထားပါ့မလဲ။

You've reached the end of published parts.

⏰ Last updated: Apr 28 ⏰

Add this story to your Library to get notified about new parts!

ကျွန်တော့်ယောကျာ်းအကြွေးနဲ့သိမ်းခံလိုက်ရပြီWhere stories live. Discover now