part1

47 4 2
                                    

အေးဆက်လှတဲ့ဆောင်းရာသီ၊ညကြီးအချိန်မတော်ထိ နှင်းတွေကျနေပေမဲ့ လူပြတ်တဲ့လမ်းမ ပေါ်က ဓာတ်တိုင်အောက်မှာ မှီရင်း
ဆေးလိပ်ဖွာနေတဲ့မိန်းကလေး တစ်ယောက်...။

ဆေးလိပ်ငွေ့တွေတစ်လိပ်ပြီးတစ်လိပ် မှုတ်ထုတ်နေရတာသိပ်သဘောကျတယ် ဒါကသူမအတွက်အကောင်းဆုံးအဖော်..။ တစ်ခုထဲသောစစ်မှန်ခြင်း၊ သူ့မဘ၀ထဲက အတုအယောင်တွေထက်သာတယ်..။

အကုန် အတုယောင်တွေ စိတ်ပျက်စရာလူတွေ...။

ဓာတ်တိုင်ကိုမှီရင်း သောက်လက်စဆေးလိပ် ကိုနင်းခြေဖို့ မလို့လုပ်တုန်း...အဝေးကနေလာနေတဲ့ကားရဲ့ အလင်းရောင်က မျက်လုံးကြိမ်းစရာ။သူမဆီတန်းတန်းလာနေပြီး..အနားရောက်တော့ရပ်တန့်သွားတယ်...။

ဂရုမစိုက်တဲ့ပုံနဲ့လှည့်ထွက်မလို့လုပ်တုန်း...။

"ရပ်စမ်း"

ဒီအသံ..သိပ်မုန်းဖို့ကောင်းတာပဲ အဲ့မိန်းမပါးစပ်ကထွက်လာသမျှတွေသိပ်မုန်းဖို့ကောင်းတယ်...။

သူ့ကိုရပ်ဖို့အမိန့်ဆန်ဆန်ပြောလိုက်ပေမဲ့ ‌ခြေလှမ်းကသာတန့်သွားပြီး..နောက်ကိုတောင်လှည့်မကြည့်..။

"အခုချက်ချင်း ကားပေါ်တတ်လိုက်ပါ Chi..qui..ta"

ရင့်မာလိုက်တဲ့အသံ..ကိုယ့်နာမည်ကိုအဲ့မိန်းမပါးစပ်ကထွက်ရင် နားကန့်လန့်ဖြစ်နေ ရတာအမြဲတမ်းပဲ ရွံစရာ..။

"ဒီမှာ ခများနဲ့လိုက်စရာ ဘာစောက်ကြောင်းမှမရှိဘူး ခများ ကားပေါ်တတ်ထိုင်ဖို့ ထိလည်းအဆင့်တန်းမနိမ့်ဘူး ရှင်းလား"

နောက်တောင်လှည့်မကြည့်..မလေးမစားနဲ့ယတိပြတ်ပြောပြီး ထွက်သွားဖို့ခြေလှမ်းပြင်နေတဲ့chiquitaကို..

"ဒီမှာကြည့်လိုက်စမ်း.."

သူမကြည့်လိုက်တော့ အဲ့မိန်းမလက်ထဲမှာရောက်နေပြန်တဲ့ အမေ့ရဲ့အရိုးပြာအိုး..။

"ဘယ်လိုလည်း နင်ငါ့စကားနာမထောင်ရင်တော့
ဒါကတစ်စစီဖြစ်ဖို့အဆင်သင့်ပဲနော်"

Chiquita လည်းခပ်ဟဟသာရီလိုက်ပြီး အဲ့မိန်းမဆီကိုတစ်လှမ်းခြင်းလျှောက်လာတယ်..။
အနားရောက်တော့ နား နားကပ်ပြီး..

SHEWhere stories live. Discover now