Part-3

71 11 30
                                    

ဖျတ်ခနဲနိုးလာကာကုတင်ပေါ်ရောက်နေပြီးဘေးကိုကြည့်လိုက်တော့ဆောင်းဟွန်းတပည့်တွေကဘေးမှာစိတ်မကောင်းတဲ့ရုပ်လေးတွေနဲ့ထိုင်နေကြတာပေါ့...။

"ဘာလုပ်နေကြတာလဲ?"

"ခေါင်းဆောင်နိုးလာပြီကွ" ဆိုပြီးအားလုံးအတူတူဝိုင်းဖက်ကြကာ

"တော်သေးတာပေါ့အသက်ရှင်သေးလို့"

"သေပေးရမှာလား?"

"တကယ်စိတ်ပူနေခဲ့တာ"

"ဘယ်သူလုပ်သွားလဲခေါင်းဆောင်?"

"ဟုတ်တယ်ခနအပြင်သွားမယ်ဆိုပြီး"

"ခေါင်းဆောင်ဘာတွေခိုးကြောင်ခိုးဝှက်လုပ်နေခဲ့တာလဲ?"

"ကျွန်တော်တို့ကိုမှန်မှန်ပြောပါ"

"ဘာမှမဟုတ်ဘူးမသိချင်နဲ့"

"ဒီလောက်ဒဏ်ရာနက်တာကို တစ်ယောက်ယောက်ရည်ရွယ်ရှိရှိလုပ်တာပဲဖြစ်ရမယ်"

"ငါပြောနေတယ်လေမသိချင်နဲ့လို့" ဆိုပြီးလေသံမာမာနဲ့ပြောလိုက်တော့

"‌တောင်းပန်ပါတယ်" ဆိုပြီးအားလုံးတူတူတောင်းပန်လိုက်ကြပြီး

"တစ်ယောက်တည်းနေချင်တယ်"

"ဟုတ်ကဲ့" ဆိုပြီးအားလုံးလည်းအခန်းထဲကထွက်သွားကြတော့တယ်...။

"လူတစ်ယောက်ကိုဘာလို့အဲ့လောက်တောင်စိတ်ပူမိသွားတာလဲသူစိမ်းတစ်ယောက်ပဲကိုး?" ဆိုပြီးတွေဝေနေရင်းအိပ်ငိုက်လာတာနဲ့အိပ်ပျော်သွားလေရဲ့...။

နိုးလည်းနိုးလာကော သွေးတွေပေနေတဲ့ဓါးကိုယက်နေပြီး လှည့်ကြည့်လိုက်ကာအငွေ့တွေကတထောင်းထောင်းနဲ့ထွက်နေခဲ့ပြီး

"နိုးလာပြီလား?"

"ဘာအငွေ့တွေလဲ?"

"မေ့ဆေးငွေ့ပါ ကစားကြည့်မလားလို့?" ဆိုပြီးဓါးနဲ့အနားကိုရောက်လာတော့တယ်...။

ဗိုက်ကိုဓါးနဲ့ပွတ်နေပြီး

"အရသာရှိမှာပဲ" ဆိုပြီးလျှာသပ်လိုက်ကာ

"ကြောက်စေချင်တာလားအခုလိုမျိုးတွေလုပ်နေတာ?"

"ဪ အခုမှသိတာလား?ကြောက်စေချင်တယ်ဒီကမ္ဘာလောကမှာနီခီဆိုတဲ့သူကိုမကြောက်တဲ့သူမရှိဘူးဟင့်အင်း...မရှိစေရဘူး"

Incorrectly ✓ || Hoonki🐧🐥Dove le storie prendono vita. Scoprilo ora