Chapter 6

277 35 11
                                    

[Unicode]
ဒီနေ့က စနေနေ့ ကျောင်းပိတ်ရက်မို့ မင်းခန့်တို့အားလုံး အိမ်မှာရှိနေကြသည်။ အန်တီသင်းကိုယ်တိုင် ချက်ပြုတ်‌ကျွေးသော နေ့လယ်စာကို စားသုံးပြီးတာနဲ့ အားလုံးက ကိုယ့်အခန်းကိုယ်ဝင်ပြီး ငြိမ်နေကြသည်။ ဧရာတို့အမွှာနှစ်ယောက်လည်း အသံတိတ်နေကြသည်။ ထူးထူးလည်း အသံတိတ်နေသည်။ မင်းခန့်လည်း နေ့လယ်နေ့ခင်း အပျင်းပြေအနေနဲ့ သုတရသ စာအုပ်တစ်အုပ်ကို ဖတ်နေသည်။ စာအုပ်ထဲ ဈာန်ဝင်နေတုန်းမှာ ကိုယ့်နာမည်ကို ခေါ်သံကြားရသည်။ ထူးထူးရဲ့အသံပဲ။ ဝင်လာလို့ ရတယ်လို့ လှမ်းပြောလိုက်လို့ ချာတိတ်က အခန်းတံခါးကို တွန်းဖွင့်ကာ ဝင်လာသည်။ လက်ထဲမှာ အဝတ်ခြင်း အကြီးကြီးကို ကိုင်လာတာဆိုတော့ ဒီနေ့က ချာတိတ်လေးရဲ့ဂျူတီပေါ့။

"လျှော်ရမဲ့အဝတ်တွေ လာယူတာ အစ်ကို"

"ထူးထူးအလှည့်လား၊ အစ်ကို ဝိုင်းကူပေးမယ်လေ"

"ရပါတယ်ဗျ၊ အားနာစရာကြီး၊ အစ်ကို့အနားယူချိန်ကို အနှောင့်အယှက် ပေးမိပါလိမ့်မယ်"

"အစ်ကိုလည်း ပျင်းပျင်းရှိတာနဲ့ ကူပေးချင်တာလေ၊ ချာတိတ်တစ်ယောက်တည်းဆိုရင် ပင်ပန်းနေမှာပေါ့"

"ဟုတ်"

"အဲဒါဆို ချာတိတ်ကို ကူပေးမယ်နော်"

"ဟုတ်ကဲ့"

ဒါကလည်း အန်တီသင်းတို့လင်မယား ရေးဆွဲထားသော ဂျူတီဇယားတစ်ခုပေါ့။ အဝတ်အစားလျှော်ဖို့နှင့် မီးပူတိုက်ဖို့အတွက် သားသမီးတွေကို ဂျူတီချထားသည်။ ဧရာနှင့် ထူးထူးတို့ ဂျူတီရက်ဆိုရင် ကိုယ့်အဝတ်အစားတွေအပြင် ဖခင်ရဲ့အဝတ်အစားကိုပါ ယူလျှော်ပေးရသည်။ အပြီးအစီး မီးပူတိုက်ရသည်။ မေခရဲ့ဂျူတီရက်ဆိုရင် ကိုယ့်အဝတ်အစားအပြင် မိခင်ရဲ့အဝတ်အစားကိုပါ ယူလျှော်ပေးရသည်။ တစ်ခါတည်း မီးပူတိုက်ပေးရသည်။

ဂျူတီကျတဲ့သူက လျှော်ရမဲ့အဝတ်တွေကို အခန်းပေါက်စေ့ လိုက်သိမ်းရသည်။ ဒါပေမဲ့ အတွင်းဝတ်၊ အတွင်းခံတွေကို ထည့်ပေးခွင့်မရှိ။ ကိုယ့်အတွင်းခံကို ကိုယ့်ဘာသာ တာဝန်ယူပြီး လက်နဲ့ပဲ လျှော်ဖွပ်ရသည်။ အပေါ်အဝတ်အစားတွေကိုပဲ အဝတ်‌လျှော်စက်နဲ့ ပေးလျှော်သည်။ အဝတ်တွေခြောက်သွားရင်လည်း ပြန်လိုက်ရုပ်ရသည်။ ခြောက်သွားတဲ့အဝတ်တွေကို ခြင်းထဲစုထည့်ပြီးတော့ မီးပူတိုက်စင်အနားမှာ ထားပေးရသည်။

My Little CrushKde žijí příběhy. Začni objevovat