အခန်း ( ၁ )

171 38 8
                                    


မီးပုံးပွဲတော်

“ မင်းသား ၂ ၊ ဘယ်မှမသွားပဲ ဒီနားမှာပဲ ကိုယ်တော့်ကိုရပ်စောင့်ပေးနိုင်မလား ”

လှပတဲ့ ပိုးသားဖဲသားတွေနဲ့အတူ ဂျိုဆွန်းရဲ့ မီးပုံးပွဲတော်ညဦးပိုင်းကို ဆင်နွှဲနေကြတဲ့ တိုင်းသူပြည်သားတွေကိုကြည့်ရင်းကနေ တွဲထားတဲ့ သူ့လက်ကိုဖျစ်ညှစ်ရင်းပြောလာတဲ့ အစ်ကိုဖြစ်သူကြောင့် ၅နှစ်အရွယ်မင်းသားလေးဟာ ခပ်ဝိုင်းဝိုင်းမျက်လုံးလေးတွေနဲ့မော့ကြည့်မိလိုက်သည်။

ထိုအခါ သူ့ထက်အရပ်ပိုရှည်တဲ့ အိမ်ရှေ့စံတစ်ဖြစ်လဲ အစ်ကိုတော်ဟာ ပါးချိုင့်နက်နက်တွေပေါ်တဲ့အထိပြုံးပြရင်း

“ မယ်မယ့် အတွက် ဟိုရှေ့မှာ လက်ဆောင်ဝယ်ပေးမလို့ပါ။ မင်းသား ထယ်ဟျောန်းလေးကလျှောက်ရတာပျင်းနေပြီမလား။ ”

ထိုအခါ သူဟာ ခေါင်းတဆက်ဆက်ညိတ်ပြလိုက်သည်။

“ ဒီမှာစောင့်နေမယ် ”

လေသံခပ်တိုးတိုးနဲ့တွဲထားတဲ့လက်တွေကို ဖြုတ်ပေးလိုက်တဲ့အခါ အစ်ကိုဖြစ်သူဟာ သူ့ခေါင်းကိုတစ်ချက်ပုတ်လိုက်ရင်း သူ့ခါးကြားမှာချိတ်ထားတဲ့ ငွေထုတ်ကိုလက်ထဲပြောင်းကိုင်ကာ ခပ်ကျော့ကျော့ထွက်သွားသည်။

သူဟာ လူတွေရှုပ်နေတဲ့ လမ်းမပေါ်ကနေ ဘေးကိုပြောင်းကပ်လိုက်ရင်း ရွဲတွေရောင်းတဲ့ နေရာနဲ့မလှမ်းမကမ်းမှာ သွားရပ်နေလိုက်သည်။ ဒီနေ့ဟာမီးပုံးပွဲတော်နေ့ဖြစ်တာကြောင့် အလှဆင်ထားတဲ့ မီးပုံးပုံစံတွေ အမျိုးမျိုးနဲ့အတူ ကောင်းကင်မှာ ထွန်းလင်းစွာပျံဝဲနေတဲ့ မီးပုံးတွေကြောင့် ဂျိုဆွန်းရဲ့ညဦးပိုင်းဟာ ကျက်သရေအဖြာဖြာနဲ့ပြည့်စုံလှသည်။

ပွဲတော်ဆင်နွှဲရာလမ်းတစ်လျှောက်မှာ မုန့်‌သည်တွေ ၊ အထည်အလိပ်ကုန်သည်တွေနဲ့ အမျိုးမျိုးသော ကုန်သည်တွေကြောင့် မီးပုံးပွဲတော်ရဲ့ ဈေးပွဲတော်ဟာ အတော်ပင်လူစည်းကားနေ၏။ နန်းတော်ထဲက မင်းသားတစ်ပါးအနေနဲ့ ဒီလိုလူစည်းကားရာရပ်ဝန်းဟာ စိမ်းသက်မနေ။ သို့သည့်တိုင် တင်းကြပ်လွန်းတဲ့တော်ဝင်စည်းမျဉ်းတွေမရှိပဲ သာမန်အရပ်သားတစ်ယောက်လိုနေထိုင်ရတာဟာ ၅နှစ်အရွယ်လေးကိုတောင် အသက်ရှုချောင်စေသည်။

𝙒𝙤𝙧𝙙 𝙤𝙛 𝙝𝙤𝙣𝙤𝙧 | 𝙏𝙖𝙚𝙜𝙮𝙪.𝙛𝙛Tempat cerita menjadi hidup. Temukan sekarang