Part -1

7K 230 27
                                    

(Unicode)





Love & Truth ( အချစ်နှင့်သစ္စာ)






Part -1





"ဟေ့ရောင် င‌စိုင်း ဖြေနိုင်တယ်မလား"






"အင်း မဆိုးပါဘူး"





စိုင်းတို့ သူငယ်ချင်းလေးယောက် ဆယ်တန်းစာမေးပွဲ ဖြေပီးချိန် Loteria မှာ ဆုံကြတာဖြစ်သည်။ တစ်ကျောင်းတည်း တူတူဖြေရပေမယ့် အဆောင်မတူကြပေ။ စိုင်းနှင့် ထက်မြတ်က တစ်ဆောင် မင်းမြတ်နဲ့ နန်းက တစ်ဆောင်စီဖြစ်သည်။ စိုင်းနာမည်က စိုင်းခမ်းလျှံ ဖြစ်ပီး မင်းမြတ်စံရယ် ထက်မြတ်လင်းရယ် နန်းရူပါရယ် ဆိုသည့် သူငယ်ချင်း သုံးယောက်ရှိသည်။






နန်းနဲ့ စိုင်းက တောင်ကြီးမှာတည်းက သူငယ်ချင်းတွေဖြစ်ကာ စိုင်းဖေဖေက ဆရာဝန်မို့ ရာထူးတိုးဖြင့် ရန်ကုန်ဆေးရုံကြီးမှာ တာဝန်ကျတာကြောင့် စိုင်း ၇တန်းနှစ်မှာ မိသားစုလိုက် ရန်ကုန်ပြောင်းလာကြတာဖြစ်သည်။ ရန်ကုန်ရောက်တော့ ဒဂုံ (၁)မှာ ၇တန်းတက်သည့်အခါ မင်းမြတ်နှင့် ထက်မြတ် ဆိုသည့် သူငယ်ချင်းသစ်နှစ်ယောက် ရကာ ညီအစ်ကိုရင်းပမာ ခင်ခဲ့ကြသည်။ ထက်မြတ်နှင့်စိုင်းက တစ်ဦးတည်းသောသားများ ဖြစ်ကြပီး မင်းမြတ်မှာတော့ စိုင်းတို့ထက် ၈နှစ်ငယ်သော ညီမလေးတစ်ယောက်ရှိသည်။ စိုင်းတို့ ၁၀တန်းနှစ်မှာ နန်းကပါ စိုင်းတို့အိမ်မှာနေ၍ ရန်ကုန်သို့ ကျောင်းလာတက်သဖြင့် စိုင်းတို့အဖွဲ့က ၄ယောက်ဖြစ်သွားတော့သည်။





"မင်းမဆိုးပါဘူးက All Dမလား ငစိုင်း"





စိုင်းစကားကို မင်းမြတ်က ပြန်မေးလာတော့၏။ စိုင်းတို့ လေးယောက်လုံးက စာတော်ကြကာ ကျောင်းစာမေးပွဲတိုင်းတွင် ဘာသာစုံ ဂုဏ်ထူး ရကြစမြဲ။






"ငါ့ကိုပဲ ပြောမနေနဲ့ မင်းတို့ကျ မဖြေနိုင်တာကျနေတာပဲ"






"နင်တို့တွေကလေ တွေ့တာနဲ့ မဟုတ်တာကို စကားနိုင် လုနေကြတယ်....အခု ငါတို့ စာမေးပွဲဖြေပီးပီဆိုတော့ ဘာလုပ်ကြမလဲ"






မင်းမြတ်နှင့် စိုင်း  စကားနိုင်လုသည့်ကြား နန်းကဝင်ပြောမှသာ စကားနိုင်လုတာ ရပ်သွားတော့သည်။ အဖွဲ့ထဲတွင် စိုင်းက စကားအနည်းဆုံးဖြစ်ကာ ပေါင်းသင်းဆက်ဆံရေး သိပ်မကောင်းပဲ တခြားသူတွေနှင့်ဆိုလျှင် မလိုအပ်ပဲ စကားမပြောတတ်ပေ။






Love & Truth (အချစ်နှင့်သစ္စာ) (Completed)Where stories live. Discover now