Part -2

5.9K 267 32
                                    

(Unicode)



Love & Truth (အချစ်နှင့်သစ္စာ)




Part -2





ဆေးရုံ မှာ ကိုကိုနဲ့တွေ့ပေမယ့် ကိုကိုက နန်းစံအပေါ် တကယ်ကို သူစိမ်းတစ်ယောက်လိုပင်။ အခုနောက်ပိုင်း ကိုကိုက နန်းစံတို့အိမ်ကို အဝင်အထွက် သိပ်မရှိတော့ပေမယ့် ကိုကြီးနဲ့တော့ သူတို့သူငယ်ချင်းချင်း အရင်လို ခင်ခင်မင်မင် ရှိနေတုန်းပင်။ နန်းစံတို့အိမ်ကို မလာတာတော့ ဘာကြောင့်ရယ်မှန်းမသိပါ။





ကိုကိုနဲ့ မမနန်းကို ချစ်သူတွေဟု အကုန်လုံးက ထင်ကြေးပေနေကြသည်။ အဲ့သတင်းတွေကြားတိုင်း၊ ကိုကိုက မမနန်းကို ဂရုစိုက်တာတွေမြင်ရတိုင်း နန်းစံ အသည်းလေး ခဏခဏ ကြေကွဲခဲ့ရ၏။ ကိုကိုတို့ ကိုကိုထက်တို့က မြောက်ဥက္ကလာဆေးရုံနားကဆိုင်မှာ နေ့လယ်စာ လာစားလေ့ရှိတာကြောင့် နန်းစံတို့နှင့် ခဏခဏ ဆုံတတ်သည်။ မမနန်းရဲ့ အကြည့်တွေက ကိုကို့အပေါ် သူငယ်ချင်းထက်ပိုနေမှန်း နန်းစံတို့လည်း မိန်းကလေးချင်းသိနေသည်။ ကိုကို့ ဘက်ကလဲ မမနန်းအပေါ်ဆို ဂရုတစိုက် ရှိလှသည်။





✨✨✨✨✨




"မီးငယ် အဝတ်စားလဲပီးရင် ပြန်ဆင်းခဲ့ ထမင်း တူတူ စားရအောင် ဒီမှာ သားစိုင်းလဲ ရောက်နေတယ်"





နန်းစံ ကျောင်းကပြန်လာတော့ ကိုကိုက အိမ်မှာရောက်နေလေသည်။ မလာတာ‌ကြာပေမယ့် အခုမှ ဘယ်လိုကြောင့် မျက်စိလည်လာလဲမသိပါ။ ကိုကိုက ဒီနေ့ ဂျူတီနားရက်မို့ ဆေးရုံကို မလာတာကြောင့် တစ်နေကုန် မတွေ့ရပေ။ နန်းစံက နေ့လယ် ဂျူတီထွက်ရမှာပေမယ့် သူငယ်ချင်းတစ်ယောက်ကို စောင့်နေရင်း ညနေမှ အိမ်ပြန်ရောက်တာဖြစ်သည်။





"မီးရေချိုးဦးမယ်မေ.... ဧည့်သည်လည်း ရောက်နေတော့ မေတို့ပဲ အရင်စားနှင့်လိုက်ပါ... မီးနောက်မှပဲစားတော့မယ်"





"စိုင်းက ဧည့်သည်မှ မဟုတ်ပဲ မီးငယ်ရယ်.... သွား... ရေမြန်မြန်ချိုး ကိုကြီးတို့စောင့်နေမယ်"





ကိုကိုက နန်းစံကို ရှောင်နေသလို ခံစားရသဖြင့် ကိုကို အနေမကြပ်အောင် နန်းစံက အလိုက်တသိငြင်းလိုက်ပေမယ့် ကိုကြီးက လက်မခံပေ။





Love & Truth (အချစ်နှင့်သစ္စာ) (Completed)Where stories live. Discover now