06

60 7 2
                                    

၅နှစ်ကြာပြီးနောက်...

ဆောင်းဟွန်းကဆိုရင်သာမာန်အလုပ်သမားလေးအဖြစ်ကော်ဖီဆိုင်၊ကားဝပ်ရှော့ဆိုင်၊စားသောက်ဆိုင်၊ဘားဆိုင်၊စာအုပ်ဆိုင်စသဖြင့်ဆိုင်တိုင်းမှာအလုပ်လုပ်နေခဲ့တာပေါ့...။

စိတ်ဒဏ်ရာကြောင့်ဆက်ပြီးလည်းFSမှာမလုပ်နိုင်တော့သလိုသူ့အတွက်အိပ်မက်ဆိုးတစ်ခုအဖြစ်ကျန်ရှိနေခဲ့ပြီးသူချစ်တဲ့သူအတွက်ဝါသနာကိုစွန့်လွှတ်ရင်းပိုက်ဆံရှာနေခဲ့တယ်...။

"ကြိုဆိုပါတယ် ဘာများသုံးဆောင်မလဲဧည့်သည်?"

"Cappuccino တစ်ခွက်ပေးပါ သကြားအမဲနဲ့ဆားလေးနည်းနည်းထည့်ပေးပါ"

"ဟုတ်ကဲ့ဒါပဲလားခင်ဗျ?"

"ဟုတ်တယ်ရှင့်သူငယ်ချင်းတစ်ယောက်တော့ခနနေရင်လာမှာ"

"အာ..ဟုတ်ကဲ့ဒါဆိုခုံနပါတ်၈မှာခနသွားထိုင်စောင့်နေပေးပါဗျ" ဆိုပြီးပြောတော့ထိုကောင်မလေးလည်းသွားထိုင်နေကာ ‌‌ဆောင်းဟွန်းလည်းစတင်ကော်ဖီဖျော်တာပေါ့...။

ခနအကြာကျကော်ဖီလည်းရသွားပြီးဆောင်းဟွန်းကသွားပို့ပေးကာ

"ဒီမှာပါဗျ"

"တကယ်မြန်သားပဲ"
"ဪ?နီခီ ရောက်ပြီလား?"

"နီီခီ?" ဆိုပြီးအံ့အားသင့်သွားပြီးချက်ချင်းပဲလှည့်ကြည့်လိုက်လေရဲ့...။

နာမည်တူနေတာဖြစ်ပြီး

"ဪရောက်ပြီ" ဆိုပြီးဝင်ထိုင်လိုက်ကာ

"ဘာမှာမှာလဲ?ငါလည်းအခုပဲကော်ဖီရတာ"

"Green apple sodaပဲမှာလိုက်တော့မယ်လေ"

"အဲ့ဆိုအဲ့ဒါတစ်ခွက်ပေးနော်အကို" ဆိုပြီးပြောနေပေမဲ့ဆောင်းဟွန်းကတော့ပွင့်နေတဲ့တံခါးကိုကြည့်နေတာပေါ့...။

"အကို အကို!!!" ဆိုပြီးအော်လိုက်တော့သတိဝင်သွားကာ

"ဗျာ?ဟုတ် Green apple sodaနော်ခနလေးနဲ့ရစေရပါ့မယ်" ဆိုပြီးရက်ပ်ရွတ်သလိုမျိုးပြောသွားပြီးကောင်တာဆီပြန်ရောက်သွားတော့တယ်...။

၅နှစ်ကြာသွားတာတောင်မျှော်လင့်မိနေခဲ့ပြီး

"နီခီ" ဆိုတဲ့ထိုနာမည်ကိုကြားလိုက်တာနဲ့ရောက်ယှက်ခတ်တာကတော့အခုထိပါပဲ…။

Incorrectly ✓ || Hoonki🐧🐥Where stories live. Discover now