Part -3

6K 247 34
                                    

(Unicode)



Love & Truth (အချစ်နှင့် သစ္စာ)






Part-3






"ကိုယ် မီးငယ်ကို တမင်ရှောင်နေခဲ့တာက ဟုတ်ပါတယ်..... အဲ့တာကလဲ မီးငယ်ကြောင့်ပဲ"






"ဟင်.... ဘာဆိုင်လဲ"






ကိုကိုက နန်းစံကို ရှောင်နေတာ နန်းစံကြောင့်တဲ့ ဘယ်လိုပဲတွေးတွေး ဘာမှ မဆိုင်ပေ။






"ဆိုင်တာပေါ့ ကိုယ်က မီးငယ်ကို ချစ်မိသွားတာလေ"






"ဟင်"






အခု နန်းစံက ကိုကို့ဆီကနေ ရည်းစားစကား အပြောခံလိုက်ရတာလား။ မထင်မှတ်ထားတဲ့ စကားမို့ အံ့အားသင့်သွားရကာ ရင်ခုန်သံတွေ မြန်လာတော့သည်။






"ကိုယ်က မီးငယ်ကို ချစ်မိသွားတော့ ဖေနဲ့မေရော.... မင်းမြတ်ကိုရော မျက်နှာပူလို့ မီးငယ်တို့အိမ် သိပ်မလာတော့တာ.... အခု အကြောင်းရင်းကို သိလိုက်တော့ ကျေနပ်ပီမလား"






"အင်း.... ပြန်..... ပြန်ကြမယ်လေ"






ရှက်ရမ်းရမ်းကာ အယောင်ယောင်အမှားမှား ဖြစ်နေသော မီးငယ်က မျက်နှာလေး ပန်းရောင်သန်းလျက် ချစ်ဖို့ကောင်းလှသည်။






"နေပါဦး....  ကိုယ့်ကို စိတ်မဆိုးဖို့ ကြိုပြောထားတယ်နော်"





"အခု စိတ်ဆိုးတယ်ပြောနေလို့လား"





"အင်း မဆိုးနဲ့ ကောင်းတယ်.... အဲ့တာဆို ကိုယ့်ကို အဖြေပြန်ပေးဦးလေ"






"ဘာဆိုင်လို့်လဲ"






"ကိုယ် ခုဏတည်းက ကြိုပြောပီးသားလေ ကိုယ်မေးတာ ပြန်ဖြေပေးရမယ်လို့"






"ဘာ.... ဘာမေးမှာလဲ"






"မီးငယ်နော် ဉာဏ်ကောင်းရဲ့သားနဲ့ မသိချင်ယောင် ဆောင်မနေနဲ့ ကိုယ် အသည်းယားလာရင် အဖြေမတောင်းပဲ ဖက်နမ်းမိတော့မယ်"






"စီနီယာနော်"






"အဲ့စီနီယာ ခေါ်နေတာလည်း ရပ်လိုက်နော်.... အရင်လို ကိုကိုပဲခေါ်"






Love & Truth (အချစ်နှင့်သစ္စာ) (Completed)Where stories live. Discover now