Part -4

5.8K 222 19
                                    

(Unicode)



Love & Truth  ( အချစ်နှင့် သစ္စာ )






Part-4






"ခစ်.... ခစ်"






"ဘာ ရယ်တာလဲ"






ကိုကို့မျက်နှာ ဆူပုတ်နေတာကို နန်းစံသဘောကျလို့ရယ်မိတော့ ကိုကို့ဆီက မကျေမနပ်အသံလေး ထွက်လာလေသည်။






"ကိုကို့ မျက်နှာက ဘာလို့ ဆူပုတ်နေတာလဲ.... ကလေးလည်း မဟုတ်ပဲ"






"ခုဏက ရွှေပိုးဦးလေးဆိုတဲ့တစ်ယောက်က မီးငယ်ကို ကြောင်ချင်နေတာလေ... အဲ့တာသိတယ်မဟုတ်လား"






"သိသားပဲ"






"သိရဲ့သားနဲ့ မီးငယ်ရာ..... လက်ခံ စကားပြောနေရတယ်လို့"






"သူက လူရှာရှင်လေ ကိုကိုရယ်.... ပီးကျ နန်းစံကို ရည်းစားစကားပြောနေတာလဲ မဟုတ်တာကို မောင်းထုတ်လို့ရမလား"






"အဲ့တာဆို ရည်းစားစကားပြောရင်ရော"






" ကိုကို့ နောက်က တန်းစီလို့ ပြောလိုက်မှာပေါ့"






"မီးငယ်နော်... ကိုကို တကယ် တင်းနေတာ လာမစနဲ့"





"မစပါဘူး အတည်ပြောတာ..."






ကိုကို့ကို စနေရတာ ပျော်စရာကောင်းသည်။ ကိုကိုကတော့ တကယ်ကြီး တင်းနေသည်ထင်... ထမင်းတောင် မစားပဲ ရုပ်တည်ကြီးဖြင့် ထိုင်နေလေသည်။





"ကဲပါ ကိုကိုရယ် ဂျူတီပြန်ဝင်ရမှာကို ထမင်းမြန်မြန်စားလေ"






"ကိုကို မစားတော့ဘူး မီးငယ်ပဲ စားတော့ ကိုကိုစောင့်ပေးမယ်"






"နန်းစံက စတာပါ ကိုကိုရယ်... နန်းစံ ဘဝမှာ အဖြေပေးမယ်... စဉ်းစားပေးမယ်လို့ ပြောဖူးတာ ကိုကို တစ်ယောက်ပဲရှိလို့ စိတ်မပူနဲ့ အခုထမင်းလေးတော့စားနော် ward ထဲမှာ ကိုကို ပင်ပန်းတာ နန်းစံသိနေတာကို ကိုကိုက ထမင်းမစားရင် နန်းစံ ဘယ်စိတ်ကောင်းမလဲ"






"နောက်ခါဆို တခြားကောင်လေးတွေကိစ္စနဲ့ ကိုကို့ကို မစပါနဲ့ကွာ ကိုကို မခံစားနိုင်ဘူး"






Love & Truth (အချစ်နှင့်သစ္စာ) (Completed)حيث تعيش القصص. اكتشف الآن