Chapter 11

240 32 10
                                    

[Unicode]
ထူးဆက်က ရေချိုးပြီးလို့ အပြင်ကိုထွက်လာချိန်မှာ အခန်းထဲမှာ ကိုကို့ကို မတွေ့ရှိရပါ။ ကိုကိုက အောက်ထပ်မှာ ရေဆင်းချိုးတာ ပြန်မရောက်သေးတာလား။ ဒါမှမဟုတ် ရေမိုးချိုး၊ ဖြီးလိမ်းပြင်ဆင်ပြီးသွားလို့ပဲ အောက်ထပ်မှာ ဆင်းစောင့်နေတာလား။ ကိုကို့ကို အခန်းထဲမှာ မမြင်ရတော့လည်း မနေ့ညက ကိုကိုတီးနေခဲ့သော Despacito ဂစ်တာသံကို ပြန်ကြားချင်မိသည်။ ထူးဆက်သည် ဟိုတွေးဒီတွေးနဲ့ မှန်ရှေ့မှာ ဖြီးလိမ်းပြင်ဆင်လိုက်သည်။

အပြင်ထွက်ပြီး လည်ကြပတ်ကြမယ်ဆိုတော့ နွေရာသီနှင့်လိုက်ဖက်သော အနီရောင်ပန်းပွင့်တွေပါတဲ့ ဟာဝိုင်အီရှပ်ကို ‌ကွာတားဘောင်းဘီတိုအဖြူနှင့် တွဲဝတ်လိုက်သည်။ ပြင်ဆင်ပြီးတဲ့အခါ အောက်ထပ်ကို ပြေးဆင်းလာလိုက်သည်။ အိမ်ရှေ့ခန်းမှာ ကိုကြီးနှင့်အတူ ကိုကို့ကိုပါ တွေ့ရသည်။ ထူးဆက်က ကိုကိုနှင့် စိတ်ချင်းဆက်နေတာများလား။ အပြင်ထွက်လည်ရန် အဝတ်အစား ရွေးချယ်တာချင်း တူ‌သည်။ ကိုကိုက တီရှပ်အဖြူကို အောက်ခံပြီး အပြာရောင်ပန်းပွင့်တွေပါသော ဟာဝိုင်အီရှပ်ကို ကြယ်သီးအကုန်ဖြုတ်ပြီး ကွာတားဘောင်းဘီအဖြူနှင့် တွဲဝတ်ထားသည်။

"ထူးထူးတော့ ဆင်းလာပြီ၊ မေခကို စောင့်ရဦးမယ်"

ထူးဆက်လည်း ကိုကြီးတို့နှင့်အတူ အိမ်ရှေ့ဧည့်ခန်းမှာ ဝင်ထိုင်ပြီး တီဗွီအစီအစဉ်တစ်ခုကို ထိုင်ကြည့်နေလိုက်သည်။ ခဏနေတော့ မမက အပေါ်ထပ်က ဆင်းလာသည်။ မမက ဦးထုပ်အပြန့်အဝိုင်းကြီးကို ခေါင်းမှာ ဆောင်းထားပြီး ချည်သားဂါဝန်‌ သံလွင်စိမ်းရောင်ကို ဝတ်ဆင်ထားသည်။ ကြိုးသိုင်းဖိနပ် အဖြူရောင်ကိုလည်း လက်တစ်ဖက်က ကိုင်လာကာ အပေါ်ထပ်က ပြေးဆင်းလာသည်။ အိမ်ရှေ့ခန်းရောက်တော့ ကိုကြီးက မမကို သေချာကြည့်သည်။

"မေခ .. နင် ဒီလောက် အလှပြင်နေတာ ထွက်လာတော့လည်း ဒီပုံပဲ၊ ဖိနပ်က ဘယ်နှစ်ရန်တောင် ယူလာတာလဲ၊ ငါ့ကို ဓာတ်ပုံတွေ မရိုက်ခိုင်းနဲ့နော်၊ ကြွက်ခြောက်ဖို့က ဒီလောက်ဆို လုံလောက်ပြီ"

"ဧရာ! နင်နော်.. ငါ့ကို လိုက်စနေတာ မေမေနဲ့ တိုင်ပြောမယ်၊ ငါ့ဓာတ်ပုံတွေက ကြွက်ခြောက်ဖို့ မဟုတ်ဘူး၊ တစ်ယောက်သောသူ ကြည့်ဖို့"

My Little CrushDonde viven las historias. Descúbrelo ahora