Chapter 9

248 36 13
                                    

[Unicode]
ကျောင်းဖွင့်ချိန် ကွာဟချက်ကြောင့် ထူးဆက်က ၈ တန်းပြီးဖို့ ၂ လလောက် လိုသေးပေမဲ့ အစ်ကိုမင်းခန့်တည်ကြည်ကတော့ ဒီဇင်ဘာလမှာ Final Year ကို တက်နေရပြီ။ ကိုကိုက တက္ကသိုလ်ပြီးရင် ဇာတိမြေကို အပြီးပြန်လိမ့်မည်။ အဲဒီလိုတွေးကြည့်မိတိုင်းမှာ ထူးဆက်သည် ရင်ထဲမကောင်းပေ။ ကိုကိုနှင့်ခွဲရမှာ တွေးကြောက်ပြီး ကိုကို့ကို ပိုကပ်တွယ်လာမိသည်။ ထူးဆက်က ကိုကို့အနားမှာ ကပ်တွယ်ရင်းနဲ့ပဲ အချိန်တွေကို ဖြတ်သန်းလာခဲ့တာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကိုရောက်လာသည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့က Valentine's Day ဆိုပေမဲ့ သံလွင်ထူးဆက်ရဲ့မွေးနေ့လည်း ဖြစ်သည်။ မေမေတို့က ထူးဆက်ကို ချစ်သူများနေ့မှာ မွေးခဲ့လို့ပဲ ထူးဆက်က အသက်ငယ်ငယ်နဲ့ အချစ်စိတ်ကြွယ်နေမိတာလား။ မွေးနေ့ရောက်‌လို့ အသက်တစ်နှစ်ကြီးသွားတာကို ထူးဆက်က အလွန်ပျော်မိသည်။ ထူးဆက်ရဲ့မွေးနေ့ကို အိမ်မှာ မိသားစုဝင်တွေနှင့်အတူ နှစ်တိုင်း အမြဲကျင်းပသည်။ ဒီနှစ်မွေး‌နေ့မှာ တမူထူးလို့ အိမ်သားတစ်ယောက် ပိုလာသည်။ အဲဒီတော့ ထူးဆက်က ဒီနှစ်မှာ မွေးနေ့လက်ဆောင် တစ်ခုပိုရလိမ့်မည်။

"ပြန်ရောက်ပါပြီ"

ထူးဆက်က ည ၆ နာရီထိုး ကျူရှင်လွှတ်တယ်ဆိုတာနဲ့ စက်ဘီးကို အမြန်နင်းရင်း အိမ်ပြန်လာသည်။ အိမ်ကိုရောက်တော့ ဖိနပ်စင်မှာ ဖိနပ်ပြန်ချွတ်ရင်း အိမ်သားတွေကို အသံပေးလိုက်သည်။ အိမ်သားတွေလည်း အလျှိုလျှိုနဲ့ လူစုံတက်စုံ အိမ်ရှေ့ခန်းကို ထွက်လာကြသည်။ ကိုကြီးက မွေးနေ့ကိတ်ကြီးကိုပါ တစ်ခါတည်း ယူလာသည်။ ထူးဆက်လည်း အိမ်ရှေ့ဧည့်ခန်းမှာ ဝင်ထိုင်လိုက်သည်။ မမက ကိတ်မုန့်ကြီးပေါ်မှာ ဖယောင်းတိုင် ၁၄ တိုင်ကို စိုက်ပေးလာသည်။ ကိုကြီးကတော့ ဖယောင်းတိုင်တွေကို တစ်တိုင်ချင်း မီးလိုက်ညှိပေးသည်။ ထူးဆက်လည်း ကိတ်မုန့်ကြီးကိုကြည့်ကာ မျက်နှာလေးကို ပြုံးထားလိုက်သည်။

"ကဲ.. ညီထူးလေး ဖယောင်းတိုင်မီးမှုတ်ပြီး မွေးနေ့ပွဲ ကျင်းပလို့ရပါပြီဗျာ"

"ကဲကဲကဲ.. မွေးနေ့ရှင်အတွက် Happy Birthday သီချင်းဆိုကြမယ်၊ အိုကေ.. ရယ်ဒီ... 1.. 2.. 3"

My Little CrushOpowieści tętniące życiem. Odkryj je teraz