အခန်း ၂၇

464 61 8
                                    

ငါဟာအတိတ်ရဲ့လောကကြီးတစ်နေရာမှာ ပေးဆပ်ရင်း ရှင်သန်နေပေမယ့် မကောင်းတဲ့ဘက်ကို ရောက်ရောက်သွားခဲ့တယ် ။ ဒါဟာ ငါ့ရဲ့စစ်မှန်တဲ့ဗီဇပေ ။ မကောင်းတဲ့စရိုက်ပေါ့ ။ ဒါပေမယ့်လည်း ဘာတတ်နိုင်မလဲ ။ ငါဟာ စုန်းတစ်ကောင်အဖြစ်နဲ့ မွေးဖွားလာခဲ့တာလေ ။ ငါ့ဗီဇနဲ့လိုက်တဲ့ စုန်းမျိုးပေါ့ ။ စုန်းမျိုးတွေထဲက အင်အားကြီးအိန့်တလိန့်စုန်း ပြောရရင် ဇော်ဂနီပေါ့ ။ ရက်စက်တတ်ဆုံးစုန်းတွေထဲက ပိုပြီးရက်စက်တတ်တဲ့စုန်းတစ်ကောင်ဖြစ်နေပြီ ။ လူသားတစ်ယောက်ရဲ့နှလုံးသားက ငါကကောင်းကောင်းကြီး ပြုစားနေခဲ့တယ် ။ ငါ့ကိုသိပ်ချစ်တတ်တဲ့လူသားရဲ့နှလုံးသားကိုလေ ။ ငါကောင်းကောင်းမွန်မွန်ကြီး စားသုံးနေခဲ့တာ ။ ငါ့လိုစုန်းတစ်ကောင်ရဲ့အတ္တတွေအတွက် ။ လောဘတွေအတွက် ။

" မယ်တော်ကြီး .. စောယွန်းကို သတိရနေပြီလား .. အအ !! "

ပဒုမ္မာကြာကန်ကို စင်သီယာဟာ သူ့သားတော်တွေနဲ့အတူ ရှုစားနေခဲ့တာပါ ။ ကျီးကန်းရဲ့ပြောဆိုစကားကြောင့် စင်သီယာရဲ့အသိဉာဏ်တွေဟာ အသက်ဝင်လာခဲ့တယ် ။ ယုတ်မာကောက်ကျစ်တဲ့အသိဉာဏ်တွေပေါ့ ။ ကျီးနက်နဲ့ကြောင်နက်တို့ကိုလှည့်ကြည့်ပြီး စင်သီယာက မဲ့ပြုံးတစ်ချက်ဖန်ဆင်းသည် ။

" ဟက် !! ဘာကိစ္စသတိရရမလဲ .. မရပါဘူး ။ "

" ဟုတ်ရဲ့လား ... အအ !! အစောနကဖြင့် လွမ်းသလို ဆွေးသလိုကြီး မယ်တော့်မျက်နှာက .. "

" မင်းအတော်လေပွားလာတယ်နော် ကျီးကောင် .. "

ဆိုပြီး ကြောင်နက်က လှမ်းထောက်သည် ။ တကယ်လည်း စကားများလာတာ အဟုတ် ။ အထူးသဖြင့် စောယွန်းနဲ့ပတ်သက်ရင် သူအတော်စကားများလာတာပဲ ။

စက္ခုဝတီတိုင်းပြည်ကိုရောက်ကတည်းက သူ့အနောက်လိုက်လာတဲ့ ဒီသားတော်တွေဟာ သူရှင်သန်ခဲ့တဲ့တစ်လျှောက်မှာ သူ့ဘဝအတွက် စကားပြောဖော်နဲ့ အဖော်မွန်ကောင်းပဲ ။

" သခင်မ .. "

ဆိုပြီး အနားရောက်လာတဲ့ နန်းတွင်းဝင်မိန်းမတစ်ဦး ။ စင်သီယာရဲ့အနားကိုဒူးထောင်အခစားပြုလိုက်သည် ။

စက္ခုဝတီပြည်သို့ စင်သီယာ ရောက်လတ္တံ့ ( Complete )Where stories live. Discover now