Part - 6

5.4K 174 12
                                    

(Unicode)


Love & Truth (အချစ်နှင့် သစ္စာ)


Part -6


နန်းစံ မနက်နိုးတာနှင့် ချောယုဆီ ဖုန်းဆက်ရန် ဖုန်းအရင်ကိုင်ရတော့သည်။ မနေ့က အပျော်လွန်ကာ ချောယုဆီ အကျိုးအကြောင်းတောင် ဖုန်းမဆက်ဖြစ်။ နန်းစံ ဖုန်းဖွင့်လိုက်တော့ ကိုကို့ဆီမှ မက်ဆေ့လေးက ရောက်နေတာကြောင့် ပြုံးလိုက်မိသည်။

💌 မောနင်း  မီးငယ်လေး.... ကိုကိုလာခေါ်မယ်နော်

ချောယုဆီ ဖုန်းမဆက်ခင် ကိုကို့ဆီ စာအရင်ပြန်ပို့လိုက်သည်။ ဖုန်းတော့ မဆက်ဖြစ် ဖုန်းဆက်နေလျှင် ချောယုဆီတောင် ဖုန်းခေါ်ဖြစ်မှာ မဟုတ်ပေ။

💌 Morning Co Co😘

ကိုကို့ဆီ စာပို့ပီးတာနှင့် ချောယုဆီ ဖုန်းခေါ်လိုက်သည်။

"ဟဲလို"

"ချောယု မထသေးဘူးလား"

"ရေတောင်ချိုးတော့မယ်... နန်းစံမ မနေ့က နင်သိနေတယ်မလား"

"ဟဲ.... ဟဲ ကိုကိုထက်က အကူညီတောင်းလို့ပါဟယ်"

"အဲ့တာနဲ့ပဲ ငါ့ကို သစ္စာဖောက်တယ်ပေါ့"

"သစ္စာဖောက်စရာလား နင်လဲ ကိုကိုထက်ကို ချစ်နေတယ်ဆိုတဲ့အကြောင်း ငါလုံးဝမပြောထားဘူးနော်..... ပြောပါဦး မနေ့က အခြေနေလေး..."

ချောယုက ကိုကိုထက်ကို နန်းစံတို့ 2nd MBတုန်းက ကိုကိုထက် နန်းစံနှင့် ချောယုကို စာသင်ပေးတည်းက သဘောကျနေတာဖြစ်သည်။ ဒါပေမယ့် ချောယုက ကိုကိုထက်ကို လုံးဝ မဖွင့်ပြောပဲ တိတ်တခိုးသာ ချစ်ခဲ့တာဖြစ်၏။

"မနေ့က နင်တို့ပြန်သွားတော့ ကိုထက်က ငါ့ကို ပြန်လိုက်ပို့မယ်ဆိုပီး အပြန်လမ်းကျ ဖွင့်ပြောတာ"

"ဟိ.... ဟိ.... နင်အဖြေပေးပီးပီလား"


"နန်းစံ ဂျူတီနောက်ကျချင်နေတာမဟုတ်ဘူးဆိုရင် အမြန်ထလိုက်တော့ သွားရင်းနဲ့မှပြောပြမယ်"

ချောယုပြောမှ ဖုန်းဆက်သည့်အကြောင်းရင်းကို ပြန်သတိရတော့သည်။


"ဟဲ...ဟဲ ငါအဲ့ကိစ္စ ဖုန်းဆက်တာ ငါ့ကို ကိုကိုက လာခေါ်ပေးမယ်ဆိုလို့ ဒီနေ့နင် ကိုကိုထက်နဲ့ သွားလိုက်နော်"

Love & Truth (အချစ်နှင့်သစ္စာ) (Completed)Where stories live. Discover now