Part -7

5.3K 202 13
                                    

(Unicode)


Love & Truth ( အချစ်နှင့် သစ္စာ )





Part -7






"ကဲ ချောယု ငါ့ကို မနေ့ကအကြောင်း ပြောပြတော့ ငါလေ သိချင်လွန်းလို့ နေ့လည်စာ ထမင်းစားနားချိန်ကိုတောင် လဲထားတာ"






နန်းစံနှင့်ချောယု နေ့လည်စာစားနေကျဆိုင်ကို ရောက်နေတာဖြစ်သည်။ နန်းစံတို့က ထမင်းစားချိန်ကျ ကိုယ့်အလှည့်နှင့်ကိုယ် တစ်လှည့်စီ စားရတာမို့ ဒီနေ့ ချောယုနှင့် နန်းစံ ထမင်းစားချိန် မတူတာကြောင့် ချောယုနှင့် အချိန်တူသည့်တစ်ယောက်နှင့် နန်းစံ လဲထားတာ‌ဖြစ်သည်။






"နင်လဲနော် သိပ်မသိချင်ရှာဘူး"





"ငါပစ်လိုက်တဲ့ အချစ်မြှားလေးက နင်တို့နှစ်ယောက် ထိရဲ့လား သိချင်လို့ပါဟ"





"မနေ့က ကိုထက်က ငါ့ကို ဖွင့်ပြောတယ်ဟာ... သူက ငါတို့နှစ်ယောက်ကို စာသင်ပေးတည်းက ငါ့ကို ချစ်နေခဲ့တာတဲ့"





"အဲ့တာဆို နင်တို့နှစ်ယောက်က  တစ်ချိန်တည်း လိုလို ချစ်မိခဲ့ကြတာပေါ့"





"အေး ဟုတ်တယ် ငါကလဲ သူနင့်ကို စိတ်ဝင်စားနေတယ်ထင်လို့ ဖွင့်မပြောခဲ့တာ"






"ဘုရား.... ချောယုမ နင်မဟုတ်တာတွေဟယ်... အဲ့တာများ ငါ့မေးပါလား နင်ကလေ မဟုတ်တာကို..... ငါ့ကိုသာ ပွင့်လင်းရင် နင်တို့နှစ်ယောက် အစောကတည်းက ချစ်လို့ရတယ်"






"နင်ကတော့ နင့်ကိုကိုကို ချစ်မှန်း ငါသိတယ်လေ ကိုထက်နင့်ကို ချစ်မချစ်ကျ သူက နင့်ကို ဖွင့်ပြောတယ်လဲ မကြားမိတော့ နင်လည်း မသိဘူးထင်လို့မမေးတာ"





"ချောယုမရေ ငါ နားတွေ ရှုပ်လာပီ နင်ဘာတွေပြောနေတာလဲ"






ချောယုပြောတာတွေကို တကယ်ကို နားမလည်ပေ။






"ဒီလိုလေဟာ နင်နဲ့ငါက တစ်ခုခုဆို အကုန် ဖွင့်ပြောပြနေကြလေ... အဲ့တော့ တစ်ယောက်နဲ့ တစ်ယောက် အကုန်သိတယ်ဟာ... ကိုထက်က နင့်ကို ဖွင့်ပြောတယ်လို့ တစ်ခါမှ မကြားမိတော့ ကိုထက်ကြိုက်နေတာကို နင်လဲ မသိလောက်ဘူးထင်လို့ နင့်ကို မမေးတာငါက ရှင်းပီလား"






Love & Truth (အချစ်နှင့်သစ္စာ) (Completed)Where stories live. Discover now