" အားးးးး အမေရေ သားကို မရိုက်ပါနဲ့တော့
အီးးးဟီးးးး"
" တိတ်စမ်း...သုခဘုံ နင့်ကိုငါ အဲ့ဟာမလေးနဲ့မပေါင်းပါနဲ့လို့ ဘယ်နှခါပြောရမှာလဲ "
" ..... "
" နောက်တစ်ခါ ရပ်ကွက်ထဲမှာ နင်တို့ကိုအတူတူတွေ့တယ်လို့ ထပ်ကြားလို့ကတော့
နင့်ခြေလက်တွေအကုန် ကျိုးသွားအောင် ရိုက်ပစ်မယ် ။ ကြားလား !!! "
အမေက သူ့နားရွက်တစ်ဖက်ကိုလိမ်ဆွဲကာ မေးလာသည်
" အားးးး ဟင့် ဟင့် ...."
" ဟဲ့ ...ငါမေးတာဖြေ ...လူကြားမကောင်းအောင်ငိုမနေနဲ့ "
" ဟင့် ...ဟုတ်...ကြားပါတယ် "
အမေကရိုက်သဖြင့် ပေနှစ်ဆယ်ပတ်လည်နှစ်ထပ်ပျဉ်ထောင်အိမ်ကလေးရှေ့တွင်
သုခဘုံဟူသော ကောင်ငယ်လေးတစ်ယောက် ဒဏ်ရာဗလပွဖြင့် ငိုယိုနေသည်
အိမ်တွင်ခတ်ထားသော အုတ်တံတိုင်းလေးက သုခဘုံနဲ့သိပ်တူလွန်းသည်။
အုတ်တံတားဆိုပေမဲ့ သူဌေးတွေလို ဆေးအကောင်းစား သွပ်ဆူးကြိုးတွေဖြင့် အလှခြယ်ထားသော အုတ်တံတိုင်းမျိုးမဟုတ်။
အုတ်ကလေးများကိုစီကာ ဘိလပ်မြေမဆလာဖြင့် ဒီတိုင်းခတ်ထားခြင်းသာဖြစ်သည်
ထိုအုတ်တံတိုင်းလေးသည် နွေမိုးဆောင်း ဥတုသုံးပါးလုံးကို ခံစားရသဖြင့် ရေညှိနှင့် အခြားသော အစိမ်းရောင်အပင်တိုကလေးများ၏ ဝါးမြိုခြင်းကိုလည်း ခံထားရသေးသည်
သို့သော် ထိုအုတ်တံတိုင်းလေးကို အထင်သေးလို့တော့မရပါ။
အဆင်းမလှသော်လည်း အချင်းတွင်တော့ အခြားအုတ်တံတိုင်းများထက် နည်းနည်းလေးမှမလျော့ ။
သူလဲဘာထူးသလဲ။
နာမည်ကသာ သုခဘုံ ။ လူကတော့အခုထိ ဆင်းရဲချွတ်ခြုံနေတုန်း။
သို့သော် သူဇွဲမလျော့ပါ ။ လူကြံရင် ဘုရားတောင်ဖြစ်နိုင်သေးတာပဲ။
အိမ်ကအုတ်တံတိုင်းလိုပဲ သူ့ကို အသုံးဝင်တဲ့နေရာတွေလဲရှိနေဦးမှာပါ ။
သူနဲ့အမေသည် တစ်လမှာ သုံးခါလောက်တော့ ရန်ပွဲကြီးကြီးကျယ်ကျယ်များဖြစ်တတ်ပါသည်
أنت تقرأ
ဘုံလို့ခေါ်ရင် ထူးစေချင်
عاطفيةဒါကလူကိုနာကျဉ်စေပါတယ်လို့ သတိပေးထားခါမှ ကျိန်းသေလုပ်တတ်တဲ့ ခင်ဗျားရဲ့အကျင့်လေး...
