Chapter 13

273 30 16
                                    

မိုးနှင့်အတူ ကျောင်းဖွင့်ချိန်ကို ရောက်လာပြန်သည်။ ကိုကို သဘောကျရင် ကျွန်တော်လည်း သဘောကျတယ်ဆိုပြီး Bio တွဲကိုယူမှာပါလို့ မင်းခန့်တည်ကြည်ကိုပြောခဲ့တဲ့ ကောင်လေးက တကယ့်တကယ် ၉ တန်းတက်ရချိန်မှာ Eco တွဲကို ယူသွားခဲ့သည်။ ချာတိတ်ရဲ့ရွေးချယ်မှုပေမို့ မင်းခန့်က ဘာမှမဝေဖန်ပါဘူး။ မင်းခန့်တို့ကြားက ဆက်ဆံ‌ရေးက မပြောင်းလဲဘဲ အရင်အတိုင်းပါပဲ။

ကော့သောင်းက ပြန်ရောက်ပြီး တစ်ပတ်ဆယ်ရက်လောက်အထိ ချာတိတ်က မင်းခန့်ကို စကားသိပ်မပြောဘဲ ခပ်တန်းတန်းပဲ နေပြသည်။ မင်းခန့်လည်း ပြေရာပြေကြောင်းဖြစ်အောင် ကလေးငယ်ကို ဟိုချော့ဒီချော့၊ ဟိုဟာဝယ်ပေး၊ ဒီဟာဝယ်ပေး၊ ကျူရှင်မှာ ပြေးကြိုနဲ့ အရင်လို ဆက်ဆံရေးမျိုး ပြန်ရအောင် မေလ တစ်လလုံးကို ကြိုးစားအားထုတ်လိုက်ရသည်။ အခုတော့ အရင်လိုဆက်ဆံရေးမျိုး ပြန်ရလာပြီ။ အိမ်အလုပ်တွေကို ပူးတွဲလုပ်ကြသည်။ ကျောင်းသွားရင်လည်း အရင်လိုပဲ အိမ်ကအတူထွက်ပြီး ဘတ်စ်ကားကို အတူစီးကြသည်။

"မိုးကလည်း ရွာလာပြန်ပြီ၊ အဲဒီမိုးက ကျောင်းသွားချိန်ဆိုရင် လုပ်ပြီ"

ကျောင်းသွားရန် အိမ်ကအတူထွက်ပြီး ဘတ်စ်ကားမှတ်တိုင်ကို လမ်းလျှောက်သွားစဉ်မှာ မိုးပေါက်ကျလာသည်။ ချာတိတ်လေးက ကျောပိုးအိတ်ကို ဇစ်ဆွဲဖွင့်ပြီး ခေါက်ထီးကို ဆွဲထုတ်မ‌နေတော့ပါ။ မိုးပေါက်ကျလာတာနဲ့ လက်ထဲကိုင်ထားသော ‌ထီးဂေါက်ကို ဗြန်းခနဲ ဖွင့်ဆောင်းပစ်လိုက်သည်။ ချာတိတ်လေးရဲ့‌ထီး‌ဂေါက်က အဝါရောင်။ မင်းခန့်ကိုယ်တိုင် အဲဒီအရောင်ကို ရွေးချယ်ဝယ်ယူပြီး ထီးလက်ဆောင်ပေးထားတာ။ ကော့သောင်းမှ ပြန်ရောက်ပြီး မင်းခန့်ကို စကားသိပ်မပြောတုန်းက မင်းခန့်က ဟိုဟာဝယ်ပေး၊ ဒီဟာဝယ်ပေးနဲ့ ချာတိတ်‌လေးကို ပြန်ချော့ရတဲ့အထဲမှာ ထီးဝယ်ပေးတာလည်းပါသည်။ မိုးရွာလာတာဆိုတော့ မင်းခန့်လည်း ချာတိတ်လေး၏ ထီးအောက်ထဲကို ပစ်ဝင်ပြီး ထီးအရိုးကို ဆုပ်ကိုင်လိုက်တဲ့အခါ ချာတိတ်က မင်းခန့်ကို ခေါင်းမော့ကြည့်လာသည်။

"ဘာလဲ၊ ကိုကိုက ထီးမပါလာဘူးလား"

"ထီးထည့်ဖို့ မေ့သွားတာ၊ ချာတိတ်နဲ့ ကပ်ဆောင်းမယ်လေ၊ ရတယ်မဟုတ်လား"

My Little CrushWhere stories live. Discover now