Part -8

5.4K 195 29
                                    

(Unicode)


Love & Truth ( အချစ်နှင့် သစ္စာ )






Part -8






နန်းစံတို့ ဒီနေ့က child wardမှာ အလုပ်သင်ဆင်းသည့် နောက်ဆုံးရက်ဖြစ်သည်။  ဒီနေ့တော့ နန်းစံရော ချောယုပါ 24 hours ဂျူတီဖြစ်ကာ  ကိုကိုကတော့ Day ပဲမို့ ညနေတည်းက ပြန်သွား၏။ ညဖက် ၉နာရီ ကျော်လောက်ကျ ကလေးတွေကို အခြေနေတစ်ချက် လိုက်စစ်ဆေးရင်း နှုတ်ဆက်မိသည်။ ဆရာဝန်တွေ နားနေခန်းထဲမှာ ညဘက် တာဝန်ကျ ဆရာဝန်တွေနှင့် သူနာပြုတွေကို နန်းစံတို့အဖွဲ့မှစု၍ နှုတ်ဆက်သည့်အနေဖြင့် ညနေက ညစာစားပွဲလေး လုပ်ပေးပီးဖြစ်သည်။






"ဆရာမ"






ညဖက်လည်းဖြစ်... ကလေးတွေ အခြေအနေလဲ လိုက်စစ်ဆေးပီးပီ ဖြစ်တာကြောင့် အလုပ်အားနေကြကာ နောက်နေ့လဲ wardပြောင်း ကြရတော့ မှာမို့ နန်းစံတို့ စကားပြောနေကြစဉ် ခေါ်သံကြောင့် အကုန်လှည့်ကြည့်မိသည်။ နာမည်ခေါ်တာမဟုတ်ပဲ ဆရာမဟုခေါ်သဖြင့် အကုန်လုံးကြည့်ကြတာဖြစ်သည်။ ခေါ်သူက ရွှေပိုးလေး၏ ဦးလေးဖြစ်ကာ






"ဆရာမ ရွှေဘုံနန်းစံ ကျွန်တော် ပြောစရာလေး ခဏရှိလို့ပါ"





"ဟုတ်ကဲ့ ပြောပါအကို"






"ဟုတ် ကျွန်တော် အေးဆေးလေးပြောချင်လို့ စင်္ကြန်ဘက်ကို ခဏလောက်လာပေးလို့ရမလား"






"ရှင်"






ရွှေပိုးလေးရဲ့ ဦးလေးက လက်ထဲမှာလဲ ပန်းစည်း အသေးလေး တစ်ခုကိုင်ကာ နန်းစံနှင့် နှစ်ယောက်တည်း စကားပြောဖို့ ခွင့်တောင်းလာသဖြင့် နန်းစံကို တခြား ဆရာ၊ ဆရာမတွေက ပြုံးစိစိ ကြည့်နေကြသည်။






"ဆရာ ဒီည offမလား"





နန်းစံ ရွှေပိုးလေးရဲ့ ဦးလေးကို ဘယ်လိုပြန်ဖြေရမလဲ အဖြေရကြပ်နေစဉ် ကိုကိုကရောက်လာတာမြင်သဖြင့် ဆရာမတစ်ယောက်က လှမ်းမေးလေသည်။ ကိုကိုဘာလို့ ရောက်လာလဲ နန်းစံလည်း မသိတာကြောင့် ကိုကို့ကိုသာ လှမ်းကြည့်နေမိသည်။





"ကျွန်တော်က အခု ကိစ္စရှိလို့ လာတာမဟုတ်ပါဘူး ဒီက night duty ကျတဲ့သူတွေအတွက် ပီဇာနဲ့ အအေးတွေ လာကျွေးရင်း ကလေးတွေအတွက် အရုပ်လေးတွေ လက်ဆောင်ဝေပေးမလို့ပါ"





Love & Truth (အချစ်နှင့်သစ္စာ) (Completed)Where stories live. Discover now