31🌚

5.4K 272 96
                                    

" အစကနေပြန်စလို့ အချိန်မှီသေးတယ်မဟုတ်လား....... မောင် "

"ထယ် "

ဂျောင်ဂု ထယ်ဟျောင်းပြောတဲ့ စကားရဲ့အဓိပ္ပါယ်ကိုနားမလည်စွာ ကြောင်ကြည့်နေမိသည်..သို့သော် မောင်ဆိုတဲ့အသုံးအနှုန်းနဲ့တင် ဂျောင်ဂု ပျော်လွန်းလွန်းထယ်ဟျောင်းကိုကြည့်နေရင်းမျက်ရည်တို့ပင်စီးကျလို့လာတော့သည်..

" ဂင်မ်ထယ်ဟျောင်း နင်ဘာလာလုပ်တာလည်း "

" ငါယောကျားအိမ် ငါလာတာလေ ဘယ်သူ့ခွင့်ပြုချက်တောင်းရအုံးမှာလည်း "

ထယ်ဟျောင်းပြောလိုက်တဲ့စကားမှာ မိဘတွေလည်းတယောက်မျက်နှာတယောက်ကြည့်လို့ ဘာမှကိုနားမလည်တော့..

" ဘာ နင့်ယောကျားဟုတ်လား နင်တို့ကကွာရှင်းပြီးပြီလေ "

"ကွာရှင်းစာချုပ်မှာ ငါခုထိလက်မှတ်မထိုးရသေးဘူးဆိုရင်ရော နင်ဘာလုပ်မှာလည်း ဟန်ယူရီ "

ဂျောင်အမေ " သားထယ်ဟျောင်း ခုက "

" ဂျောင် ဘာလို့ရပ်ကြည့်နေတာလည်း ကလေးကိုရောဘယ်လိုလုပ်မှာလည်း "

" ကလေးလား အဖေမဟုတ်တဲ့သူကိုအဖေနေရာအရမ်းထားချင်နေတာမဟုတ်ဘူးလား.. မဟုတ်မှ ဒီနေ့ DNA ဟိုတယ်မှာ နင်နဲ့တူတူတွဲသွားတဲ့ အမေရိကန်ကောင်က ကလေးအဖေများလား "

ထယ်ဟျောင်းတယောက် မျက်နှာက ခနဲ့တဲ့တဲ့ ကလိသလိုမျက်နှာထားနဲ့ ထပ်မှန်ခြေပပြီးပြောလိုက်တဲ့စကားမှာ မိဘတွေလည်းသို့လော သို့လောဖြစ်ကုန်သလို ယူရီလည်းအရှိုက်ထိသွားတာကြောင့် မနိုင်နိုင်ရာလုပ်ကာ ထယ်ဟျောင်းရဲ့ပါးကိုရိုက်လိုက်တော့သည်..

ဖြောင်း

"အာ့ "

" ယူရီ! !!! မင်းဘာလုပ်တာလည်း "

ထယ်ဟျောင်းကိုရိုက်လိုက်တာကြောင့် တချိန်လုံးကြောင်ပြီးရပ်ကြည့်နေတဲ့ဂျောင်ဂုစီကအသံထွက်လို့လာသည်..သို့သော် သူချစ်တဲ့ဂျောင်ဂုနဲ့တောင်တစက် ကလေးမှအကျောမခံတဲ့ထယ်ဟျောင်းက ယူရီကိုလည်းမိန်းကလေးဆိုပြီးအလျော့ပေးမယ်ထင်ရင်မှားသွားလိမ့်မည်..ယူရီရဲ့ပါးပြင်သို့ ဘယ်ပြန်ညာပြန်သုံးချက်ဆင့်ရိုက်လိုက်သည်..

𝕄𝕣. 𝕄𝕣 (complete) Where stories live. Discover now