Part -9

6K 179 22
                                    

(Unicode)


Love & Truth ( အချစ်နှင့် သစ္စာ )






Part -9






မီးငယ်က စိုင်းနှင့်အတူတူ မသွားတာ ၃ရက်ရှိပီမို့ စိုင်းမနေတတ်တော့ပေ။ ဂျူတီတွေနှင့် မအားလပ်သည့်ကြား အတူတူပါ မသွားရသဖြင့် မီးငယ်နဲ့လဲ မတွေ့ရပေ။ ဖုန်းခေါ်လျှင် ကိုင်သော်လဲ  စာလုပ်စရာရှိလို့.... အိပ်ချင်နေလို့နှင့် ခဏသာပြောပီး ဖုန်းချသွားသဖြင့် vcall ပြောဖို့ နေနေသာသာ ဖုန်းတောင် အေးဆေးမပြောရပေ။ ဒီနေ့တော့ နေ့လည်ပိုင်း ဂျူတီနားရတာမို့ အဆာပြေမုန့်ဝယ်ကာ သားဖွားဆောင်ဘက် ထွက်လာခဲ့လိုက်သည်။






စိုင်း သားဖွားဆောင် နားနေခန်းနားအရောက်






"ဟယ်.... စိုင်း နင်လာတာအတော်ပဲ"






နားနေခန်းထဲမှ နန်းနှင့်အတူ သူနာပြုဆရာမနှစ်ယောက်ထွက်လာရင်း နန်းက စိုင်းကိုနှုတ်ဆက်လာလေသည်။





"အင်း နန်း "






"ဟယ် တကယ်ကို အတော်ပဲ စိုင်းရယ် ငါအခုပဲ ဗိုက်ဆာလို့ နင့်ကို မုန့်တစ်ခုခု ဝယ်လာခိုင်းဖို့ ဖုန်းဆက်မယ်တွေး နေတာ ‌နင်က ငါ့အကြောင်း ပို‌သိနေတာပဲ"






စိုင်း လက်ထဲက မုန့်ကို ဆွဲယူကာ သူထင်ရာပြောနေသော နန်းကို ငြင်းချင်ပေမယ့် ဘေးနားမှာ သူနာပြုနှစ်ယောက်ပါလာသဖြင့် နန်းအရှက်မကွဲအောင် အလိုက်သင့်သာ ပြောပေးလိုက်ရသည်။






"အင်း.... နင်ဆာရင် စားလိုက်လေ"






"ကျေးဇူးပဲ မုန့်တွေက အများကြီးပဲ ငါအကုန်လုံး ခွဲကျွေးလိုက်မယ်နော်"






စိုင်းက မီးငယ်အတွက်တင်မက မီးငယ်သူငယ်ချင်းတွေပါ တူတူစားရအောင်ဝယ်လာတာမို့ မုန့်ကအများကြီးဖြစ်နေတာဖြစ်သည်။






"အင်း.... "






"ငါ့ညမတွေ ခုဏက ဗိုက်ဆာလို့ ဘာစားရမလဲ တွေးနေကြတာမလား... ဒီမှာ အမသူငယ်ချင်းက အမအတွက် မုန့်လာပို့ပေးတာ အများကြီးမို့ အားလုံး တူတူစားရအောင်... စိုင်းလာလေ"






Love & Truth (အချစ်နှင့်သစ္စာ) (Completed)Where stories live. Discover now