33🌚

4.8K 225 67
                                    

သူတို့ရဲ့ကားလေးက ညကြီးသန်းခေါင် လူခြေ တိတ်ချိန်မှာ ကမ်းခြေသို့ရောက်သွားတော့သည်.
ပုံမှန်ကမ်းခြေနေရာမျိုးမဟုတ်ပဲ လူရှိနေချိန်တောင် လူသွားလူလာနည်းတဲ့နေရာမျိုး ခုလိုဘယ်သူမှမရှိချိန်ဆိုရင်တော့ ပိုဆိုးတာပေါ့..

ထိုနေရာမျိုးမှာကားကိုရပ်လိုက်ခြင်းက ပုံမှန်ကမ်းခြေဆိုခုချိန် ကမ်းခြေစောင့်လုံခြုံရေးတွေကြောင့် ညအချိန်မတော် ရေထဲဆင်းရမည်မဟုတ်..

လမင်းကြီးရဲ့အလင်းရောင်ဖြင့်သာ လင်းနေတဲ့ကမ်းခြေ..ကားပေါ်ကနေဆင်းကာ ကမ်းခြေသို့ပြေးဆင်းသွားတဲ့ ထယ်ဟျောင်း ဝတ်လာတဲ့အကျီလေးကို​တော့ ကမ်းစပ်ကသဲပြင်ပေါ်ပြစ်ချထားခဲ့ကာ အပေါ်ပိုင်းဗလာဖြင့် ရေထဲသို့ပြေးဆင်းသွားတော့သည်..

သူ့ရဲ့အနောက်ကပြေးလိုက်လာတဲ့ ဂျောင်ဂု ထယ်ဟျောင်းအတိုင်း အကျီကိုချွတ်ကာ ဝတ်ထားတဲ့ဘောင်းဘီကရှည်နေတာကြောင့် ကမ်းခြေမှာလူလဲမရှိတာနဲ့ဘောင်းဘီပါချွတ်ကာအတွင်းခံဖြင့်အနောက်ကနေလိုက်ကာပြေးဆင်းသွားသည်.. အတွင်းခံကအရှည်ဖြစ်နေလို့တော်တော့သည်..

ရေထဲကနေလက်ယှက်ခေါ်နေတဲ့ ထယ်ဟျောင်းစီပြေးသွားပြီးပွေ့ချီကာဆွဲမြောက်ပြီးလှည့်လိုက်တာကြောင့် ထယ်ဟျောင်းရဲ့ရယ်သံတို့ဟာလည်း ကမ်းခြေမှာပျံ့လွှင့်သွားတော့သည်..

ကမ်းစပ်နားကရေထဲပြေးလွှားနေတဲ့ ထယ်ဟျောင်း အနောက်ကနေပြေးလိုက်ကာ ထယ်ဟျောင်းကိုပွေ့ချီလိုက်ပြီး ခါးလောက်ရှိတဲ့ ရေအနက်လောက်ထိမချီသွားကာအဲ့နားရောက်မှပြစ်ချလိုက်ပြီး ကမ်းစပ်ရှိရာပြန်ပြေးတက်လာတဲ့ ဂျောင်ဂု...နှာခေါင်းထဲရေတွေဝင်လို့ရေမွှန်သွားသလို ပါးစပ်ထဲလည်းဆားငံရေတွေဝင်လို့သွားသည်..

" ရားးးးဂျွန်ဂျောင်ဂု လာခဲ့ မင်းလာခဲ့!!! သေပြီသာမှတ် ထွီ..ငံလိုက်တာ "

ရေထဲကနေအတင်းကုန်းရုန်းထကာ ဂျောင်ဂုရှိရာပြေးတက်လာတော့ အရှေ့ကနေဦးအောင်ရယ်ရင်းပြေးလို့နေတဲ့ဂျောင်ဂု အနောက်ကနေစိတ်တိုတိုနဲ့အမှီလိုက်နေတဲ့ထယ်ဟျောင်း

" ဟားဟားဟား ထယ် ဟားဟား မှီအောင်လိုက်လေကွာ ဟားဟား  "

" ဂျောင်ဂု လာခဲ့ ရားးး မှီလို့ကတော့ အသေပဲနော် အသေသတ်မှာ ရားးး!!!!!"

𝕄𝕣. 𝕄𝕣 (complete) Where stories live. Discover now