Part -10🚨🚨

14.9K 207 12
                                    

(Unicode)


Love & Truth ( အချစ်နှင့် သစ္စာ)





Part -10






ကိုကိုနဲ့ အဆင်ပြန်ပြေသွားသော်လည်း နန်းစံက ဆေးရုံကို ကိုယ့်ကားနဲ့ကိုယ်သာ သွားချင်တာမို့ ကိုကို့ကိုပြောတော့ ကိုကိုက လက်မခံပေ။ ကိုကိုက မနေ့ မနက်တည်းက 24 hours ဆင်းထားရပီး နန်းစံကတော့ night ဆင်းထားတာမို့ ဒီမနက်တော့ နှစ်ယောက်တူတူ ပြန်ဖြစ်သည်။ ကိုကိုက သားဖွားဆောင်အောက်နားမှာ ကားရပ်ကာ နန်းစံကို စောင့်နေသဖြင့် နန်းစံ ကားပေါ်အမြန်တက်လိုက်သည်။ မနေ့က တစ်နေ့လုံး ဂျူတီဝင်ထားပေမယ့် ကိုကို့ရဲ့ ချောမောမှုက လျော့မသွားပေ။






"ကိုကိုက တစ်နေ့လုံး ဂျူတီဝင်ထားတာတောင် လုံးဝမကျပါလား"






"အွန်း ကိုကို ၃ရက်ဆက်တိုက် မနားပဲတောင် ဂျူတီဝင်ဖူးတယ်... အခုက တစ်ရက်တည်းလည်းဖြစ်တဲ့အပြင် ဂျူတီထွက်တာနဲ့ မီးငယ်ကို မြင်လိုက်ရတာမို့ ကိုကိုက အေးဆေး"





"အဲ့ကိုကိုကလေ မြှောက်ပြောလို့ကို မရဘူး"






ကားထိုင်ခုံ ခါးပတ်ပတ်ရင်း စိုင်းကို ပြောနေသည့် မီးငယ်ရဲ့ မျက်နှာလေးက ညဂျူတီ ဆင်းထားတာမို့ထင် နွမ်းလျနေလေသည်။






"ကိုကိုကလန်းနေပေမယ့် မီးငယ်ကတော့ တော်တော်ပင်ပန်းနေတယ်မလား မျက်နှာလေးကို ညှိုးနေတာပဲကွာ Night က နောက်ထပ် ဘယ်နှရက်ကျန်သေးလဲ"






"ဒီတစ်ပါတ်လုံး Night ဆင်းရမှာ ကိုကို.... ညက သန်းခေါင်လောက် ကျတော့ တစ်ယောက်ပီးတစ်ယောက် ဗိုက်နာလာကြတာ တိုင်ပင်ထားလားတောင် ထင်ရတယ် ကိုကိုရယ်"






"အင်း... ကိုကို့မီးငယ်လေး သနားပါတယ် ...


ဖေတို့ မေတို့က ဘယ်လောက်ကြာမှာလဲ မီးငယ်"






ဖေ့ သူငယ်ချင်းတစ်ယောက်ရဲ့ သားက စင်ကာပူမှာ မင်္ဂလာဆောင်တာမို့ ဖေရော မေရော သွားသည့်အပြင် အဲ့သူငယ်ချင်းမှာ သမီးတစ်ယောက်လည်း ရှိတာမို့ ကိုကြီးနဲ့ စပ်ပေးမည်ဆိုကာ ကိုကြီးကိုပါ အတင်းခေါ်သွားကြလေသည်။ ကိုကြီးက အလုပ်တွေအကြောင်းပြ နေခဲ့ဖို့ လုပ်ပေမယ့် ဖေက မန်နေဂျာရယ် အတွင်းရေးမှူးရယ်နှင့် လွှဲခဲ့ကာ ကိုကြီးကို ရအောင် ခေါ်သွားသဖြင့် မလိုက်ချင်ပဲ လိုက်သွားရလေသည်။






Love & Truth (အချစ်နှင့်သစ္စာ) (Completed)Where stories live. Discover now