37

3.2K 205 126
                                    

မနက်စောစော ဖုန်းဝင်လာတာကြောင့် တညလုံးပင်ပန်းထားလို့ခေါင်းတောင်မထောင်နိုင်တဲ့ ထယ်ဟျောင်း အိပ်ယာပေါ်ကနေဖြေးဖြေးခြင်းဆင်းလို့လာကာ သူ့ကိုသူကြည့်လိုက်တော့ ကိုယ်တုံး လုံးနဲ့ ဖုန်းမကိုင်ခင် အခန်းထဲလျှောက်ကြည့်မိတော့ ဂျောင်ဂုကိုမတွေ့..

# ဟုတ်ကဲ့ အဖေ

#သား မင်းအမေက ပြန်လာခဲ့တဲ့ ညနေစားသောက်ဆိုင်မှာတွေ့မယ်တဲ့

# အဖေချက်ချင်းကြီးလား သားပင်ပန်းနေလို့

# အနားသွားယူပြီးပင်ပန်းနေတယ်တဲ့ လာဆိုလာလိုက်မင်းအမေကြောင်းသိတဲ့အတိုင်း

# ဟုတ်ကဲ့

စိတ်ပျက်လက်ပျက်နဲ့ ဖုန်းချလိုက်ပြီး တဖက်အလှည့် ရေချိုးခန်းထဲကနေအဝတ်အစားဗလာဖြင့်ထွက်လာတဲ့ ဂျောင်ဂု

" ထယ်ဘယ်သူလည်း "

" အဖေ ခုချက်ချင်းပြန်လာခဲ့တဲ့ ညနေစားသောက်ဆိုင်မှာ ​မင်းမိဘနဲ့ရောတွေ့မယ်တဲ့ "

" ချက်ချင်းကြီးလား.ထယ်မင်းပင်ပန်းမှာပေါ့ "

" ဂျောင်ဂု မင်းရဲ့နှစ်လုံးပြူးကို အရင်သိမ်းထားစမ်းပါကွာ အဲ့တာမြင်တာနဲ့ ငါကပိုပင်ပန်းပြစ်ချင်စိတ်တွေဖြစ်ဖြစ်လာလို့ပါ "

လူကသာပင်ပန်းတယ်တဲ့ သူ့ရဲ့အပိုင်နှစ်လုံး​ပြူးကိုမြင်ပြန်တော့ ချက်ချင်းတောင် ပင်ပန်းပြစ်ချင်သေးတယ်ဆိုတဲ့ ထယ်ဟျောင်းကြောင့် ဂျောင်ဂု မရယ်ပဲမနေနိုင်တော့ပေ..

" ဟားဟားဟား ထယ်ရယ် အဲ့လောက်တောင်ကြိုက်ရောလားကွာ "

" ပါးစပ်ကိုပိတ် မင်းဖြစ်နေလို့နော် "

ဂျောင်ဂု ထယ်ဟျောင်းကိုအနောက်ကနေသိုင်းဖက်လိုက်ပြန်ကာ ပခုံးပေါ်မေးလေးတင်လိုက်ပြီး

" မောင်ဖြစ်နေလို့ဆိုတာသိပါတယ်ကွာ ငါကလည်းမင်းဖြစ်နေလို့ဆိုတာမင်းသိတယ်ဟုတ်.. "

" အင်း "

" မောင့်ကလေးလေး အရမ်းပင်ပန်းနေတာပဲ အသံလေးတောင်မလန်းပါလားကွာ မနက်စာအားရှိအောင်မောင်နွားနို့နဲ့ ပေါင်မုန့်မှာပေးထားတယ် ခဏနေလာလိမ့်မယ် မျက်နှာသွားသစ် အော် မျက်နှာတောင်သစ်နိုင်ပါ့မလား မောင်သစ်ပေးမယ်လာခဲ့ "

𝕄𝕣. 𝕄𝕣 (complete) Where stories live. Discover now