Part -12🚨🚨🚨

13.3K 193 14
                                    

(Unicode)


Love & Truth (အချစ်နှင့် သစ္စာ)

Part -12


"ကိုကိုရောက်ပီနော် မီးငယ်လေး"

မမနန်းမွေးနေ့ကို သွားဖို့ ကိုကိုက နန်းစံနဲ့ ချောယုကို လာခေါ်ပေးတာဖြစ်သည်။

"ဟုတ်ကိုကို မီးခုထွက်လာပီ"


စိုင်း မီးငယ်တို့ အိမ်ရှေ့ရောက်တော့ မီးငယ် ထွက်လာပီဆိုသဖြင့် ကားပေါ်မှာသာ ထိုင်စောင့်နေလိုက်သည်။ ခြံတံခါးဖွင့်ကာ ထွက်လာသည့် အရိပ်ကလေးကြောင့် စိုင်းရဲ့ ရင်ခုန်သံတွေ မြန်လာသလို သဝန်တိုစိတ်တွေလည်း ပေါ်လာတော့သည်။ မီးငယ်ရဲ့ ပေါင်လည်လောက် ကိုယ်ကြပ်ဂါဝန် အနီက ခန္ဓာကိုယ်နှင့် တစ်သား တည်း ကျကာ ချပ်ကပ်နေသည်။ ရင်ယှက်ကာ လည်ပင်းကိုသာ ကြိုးသိုင်းချီထားသဖြင့် ပုခုံးသား ဖွေးဖွေးတွေက ပေါ်နေပြန်၏။ လည်ပင်းကလည်း ရင်ယှက်ဖြစ်တာကြောင့် ရင်ညွန့်ထိပေါ်နေကာ ရင်ညွန့်ပေါ်က မှဲ့ စိမ်းလေးတောင် မြင်ရတော့မည်။


အင်္ကျီက ခန္ဓာကိုယ်နှင့် လိုက်ဖက်လွန်းသော်လည်း အရမ်းလှနေသော မီးငယ်၏ အတွင်းသားတွေကို တခြားသူတွေအား မမြင်စေချင်ပေ။ စိုင်းကြည့်နေစဉ်ပင် အနီရောင်အရိပ်ကလေးက Lover seatမှာ ဝင်ထိုင်လာတော့သည်။


"ကိုကို မီးလှလား"


"အွန်း လှလွန်းလို့ ကိုကို သဝန်တွေ တိုနေပီ.... ဘာလို့ အဲ့လိုတွေ ဝတ်တာလဲ မီးငယ်ရယ်"

"ကိုကိုက လှတယ်လည်းပြောသေးတယ် ဆူလည်း ဆူနေသေးတယ်"


"လှတာက အရမ်းလှနေတာလေ မီးငယ်ရယ်... အဲ့လိုဝတ်တာ မကြိုက်တာက ကိုကို့အပိုင် မီးငယ်ရဲ့ အတွင်းသားလေးတွေကို တခြားသူတွေ မမြင်စေချင်လို့လေ"


"ကိုကို အိုဗာ... ဟွန့်"


မီးငယ်က စိုင်းကို နှာခေါင်းလေးရှုံ့ပြကာ ထိုင်ခုံ ခါးပတ် ပတ်နေလေသည်။ မီးငယ်နဲ့တူတူ နန်းမွေးနေ့ကို သွားမှာမို့ တစ်ခုခုဆို မီးငယ် အတွေးများကာ စိတ်မကောင်းမဖြစ်စေဖို့ ကြိုပြောထားရသေးသည်။

Love & Truth (အချစ်နှင့်သစ္စာ) (Completed)Where stories live. Discover now