Part -13

6.5K 173 15
                                    

( Unicode )


Love & Truth ( အချစ်နှင့် သစ္စာ )

Part -13

ဒီနေ့မနက်စောစော နန်း မွေးလူနာတစ်ယောက်ကို သွားမွေးပေးပီးတာနှင့် စိုင်းကွန်ဒိုဘက် ထွက်လာခဲ့လိုက်သည်။ စိုင်းပါးစပ်က နန်းစံနဲ့ အကြောင်း ဝန်မခံခင် စိုင်းမေမေက စိုင်းကို နန်းနဲ့ သဘောတူနေကြောင်း ပြောပီး စိုင်းရဲ့ ခြေလှမ်းတွေကို ဟန့်တားဖို့ ကြိုးစားရမည်။ စိုင်းက သူ့မေမေရဲ့ စကားကို တစ်ခါမှ မငြင်းဖူးသည့်အပြင် စိုင်းစိတ်နှင့်ဆိုလျှင် နန်းကို အားနာကာ သူ့အမေစီစဉ်တာကို လက်ခံလောက်၏။ နန်းဘက်ကတော့ ပိုပိုသာသာပြောကာ နေရာဝင်ယူမှဖြစ်လိမ့်မည်။ ဘယ်လိုပင် ဖြစ်ဖြစ် နန်းကတော့ စိုင်းကို လုံးဝ လက်မလွှတ်နိုင်ပါ.....

နန်း စိုင်းရဲ့ ကွန်ဒို ကားပါကင်မှာ ကားရပ်ပီးတာနှင့် စိုင်းအခန်းဆီ တက်ခဲ့လိုက်သည်။ လူခေါ်ဘဲလ် တီးပီးတော်တော်ကြာမှ တံခါးဖွင့်ပေးလာ၏။

✨✨✨

စိုင်းမနက်နိုးတော့ မီးငယ်က အိပ်မောကျနေသဖြင့် မီးငယ်နိုးလျှင် အဆင်သင့် စားရအောင် မနက်စာ ပြင်ဆင်နေစဉ် ဘဲလ်တီးသံကြောင့် ချောင်းကြည့်ပေါက်မှ ကြည့်လိုက်သောအခါ နန်းဖြစ်နေတာကြောင့် တံခါးဖွင့်ပေးဖို့ တွေဝေသွားရသည်။ ဖွင့်ပေးလိုက်လျှင် မီးငယ်နိုးလာတာနှင့် တိုးပါက စိတ်ဆိုးသွားနိုင်သလို နန်းကလည်း စိုင်း တံခါးမဖွင့်မချင်း အဆက်မပြတ် ဘဲလ်တီးနေတာကြောင့် နောက်ဆုံးတော့ တံခါးဖွင့်ပေးလိုက်ရသည်။

"နန်း စောစောစီးစီး ကိစ္စရှိလို့လား"

"အင်း ငါနင့်ကို ပြောစရာရှိလို့ စိုင်း..... နင်က Apron နဲ့ပါလား ဘာတွေလုပ်နေတာလဲ... အတော်ပဲ ငါမနက်စာ မစားရသေးဘူး"

စိုင်းလည်း နန်းကမေးလာတော့ နန်းသိအောင် တမင်ပြောလိုက်သည်။

"အင်း ငါ မီးငယ်အတွက် မနက်စာလုပ်ပေးနေတာ.... နင်စားချင် ထပ်လုပ်ပေးမယ်လေ"

စိုင်းစကားကြောင့် နန်းမှာ ဒေါသထွက်သွားရသည်။ ဂျူတီမသွားတဲ့‌ရက်တောင် စောစောထပီး မုန့်လုပ်ပေးနေရလောက်အောင်ထိ နန်းစံက နေရာယူနေပီလားဟုပါ တွေးလိုက်မိသဖြင့် နန်းစိတ်ကူးကို မြန်မြန်အကောင်ထည်ဖော်ဖို့ ဆုံးဖြတ်လိုက်သည်။

Love & Truth (အချစ်နှင့်သစ္စာ) (Completed)Opowieści tętniące życiem. Odkryj je teraz