Part -15

6.7K 208 12
                                    

(Unicode)



Love & Truth ( အချစ်နှင့် သစ္စာ )

Part -15

နန်းစံ ကိုကို့ကို စိတ်ကောက်ကာ တမင် ဖုန်းမကိုင်တာဖြစ်သည်။ ကိုကိုနဲ့ မမနန်းက သူငယ်ချင်းမှန်းသိပေမယ့် မမနန်းရဲ့ အပြုအမူတွေက ပုံမှန်မဟုတ်တာကို ကိုကိုလည်း သတိမထားမိ‌တာ မဖြစ်နိုင်ပါ။ ဘယ်သူငယ်ချင်းကများ ယောက်ျားလေးတစ်ယောက်တည်း နေတဲ့ နေရာကို မနက်မိုးမလင်းခင် ရောက်လာတတ်လို့လဲဟု မေးလျှင်လည်း စကားနာထိုးရာ ကျဦးမည်။ ကိုကိုက မမနန်းကို သူငယ်ချင်းမို့ဟုဆိုကာ တစ်ချို့အချိန်တွေ ပစ်ပစ်ခါခါ မလုပ်ရက်ပေမယ့်... မမနန်းကတော့ Ward ထဲမှာဆို နန်းစံကို ရန်သူတစ်ယောက်လို ဆက်ဆံကာ ကိုကိုနဲ့သူက ဘာလိုလို သူများတွေထင်အောင် ပြောတတ်သေးသည်။ ပထမတော့ သဘောရိုးထင်သော်လည်း မနက်က မမနန်းပုံစံကို ကြည့်ရတာ နန်းစံနှင့် ကိုကို့အကြောင်း သိလျက်နှင့် တမင် လုပ်နေမှန်း သဘောပေါက်လိုက်သည်။

မမနန်း လုပ်တာတွေ ကိုကိုနဲ့ မဆိုင်ပေမယ့် ကိုကိုက မမနန်းအပေါ် လိုတာထက်ပို အရေးပေးခဲ့လို့သာ မမနန်းက ဒီလိုလုပ်ရဲတာဖြစ်သည်။ ပီးကျ နန်းစံနဲ့ ကိစ္စကို နှစ်ဖက်မိသားစု ဘယ်သူ့ကိုမှ အသိမပေးတာလည်း လုံးဝ မကျေနပ်တာကြောင့် ကိုကို့ကို မခေါ်တာဖြစ်သည်။

နေ့လည်ဘက်ကျ အမေရိကမှ အလည်ရောက်နေသော နန်းစံတို့ သူငယ်ချင်း ဝီလျှံကို  ချောယုနဲ့တူတူ သွားတွေ့ဖြစ်ကြသည်။ နန်းစံနဲ့ ချောယုက ဒီမှာ M.B.B.S ရပီးလျှင် USမှာ သုံးနှစ် ကျောင်းသွားဆက်တက်ဖို့ ဝီလျှံနဲ့ ချိတ်ဆက်ထားတာဖြစ်သည်။ အခု ဝီလျှံလာတော့ ‌နန်းစံတို့ ကျောင်းဆက်တက်ဖို့ အဆင်ပြေကြောင်းပြောလာပေမယ့် ချောယုကတော့ မတတ်တော့ဘူးဟုဆိုကာ အပြတ်ပြောလာ၏။ နန်းစံကတော့ ကျောင်းလည်း သွားဆက်တက်ချင်ပေမယ့် ကိုကို့ကိုလည်း မခွဲနိုင်တာမို့ စဉ်းစားဦးမည်ဟုသာ ပြောလိုက်သည်။ ဝီလျှံကတော့ အားမလျော့စွာ နန်းစံတို့နှစ်ယောက်ကို စဉ်းစားတာလည်း စဉ်းစားပီး လိုအပ်တာတွေတော့ လိုလိုမယ်မယ် လုပ်ထားဟုဆိုကာ လိုအပ်သည့် စာရွက်စာတမ်းတွေ လုပ်ခိုင်းသဖြင့် နန်းစံနဲ့ ချောယုမှာ လိုက်လုပ်ရင်း တစ်နေခင်း ကုန်သွားရတော့သည်။

Love & Truth (အချစ်နှင့်သစ္စာ) (Completed)Dove le storie prendono vita. Scoprilo ora